ဘိန်းစိုက်ခင်း ၆ ခုကို သွားရောက် စစ်ဆေးဖို့ သဘောတူဆုံးဖြတ်
2016.02.21
ကချင်ပြည်နယ်၊ ကန်ပိုက်တီးဒေသက ဘိန်းခင်းတွေသွားရောက်ဖျတ်ဆီးမယ့် လူထုအခြေပြုမူးယစ် တိုက်ဖျတ်ရေးအဖွဲ့ကို နယ်မြေခံအစိုးရတပ်မတော်က ဝိုင်းမော်မြို့အနီး ဆဒုံးနဲ့ ချီဖွေလမ်းဆုံမှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကတည်းက တားမြစ်ထားပါတယ်။
မနေ့ညက ကချင်ပြည်နယ်လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးနဲ့ ကချင်လူထုအခြေပြုမူးယစ်တိုက်ဖျက် ရေးအဖွဲ့တို့ တွေ့ဆုံညှိနှိုင်းမှုတွေလုပ်ခဲ့ပါတယ်။
ကချင်လူမှုအခြေပြုမူးယစ်ဆေးဝါးတိုက်ဖျတ်ရေးအဖွဲ့ရဲ့ အတွင်းရေးမှူး ဦးဒေါန်ခေါန်ကို အာအက်ဖ်အေ သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။