သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-22
ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ NLD ပါတီရဲ့ကိုယ်စားလှယ်တွေထဲ မှာ မဲဆွယ်စည်းရုံးရေး အသုံးစရိတ်အဖြစ် သတ်မှတ်ထားတဲ့ ငွေကျပ်သိန်း ၁၀၀ ထက် ကျော်လွန်အောင် သုံးထားတဲ့ သူမရှိတဲ့အတွက် ဒီသတ်မှတ်ချက်နဲ့ ညှိစွန်းနိုင်တဲ့သူ တဦးတယောက်မှ မရှိဘူးလို့ NLD ပါတီရဲ့ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်၊
2015-11-22
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကြုံတွေ့ရနိုင်တဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာ့နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေသူတချို့ရဲ့ သဘောထားတွေကို ဦးခင်မောင်စိုးက တင်ပြထားပါတယ်။
2015-11-22
မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်နေ တဲ့ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန် သမ္မတ Barack Obama တို့ မနက်ဖန် သီးသန့် တွေ့ဆုံကြမယ့် အစီအစဉ်နဲ့ ပတ်သက်လို့ ခရီးစဉ်မှာ အတူလိုက်ပါသွားတဲ့ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ် ကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။
2015-11-22
ရှမ်းပြည်နယ်အလယ်ပိုင်း မိုင်းနောင်မြို့မှာ အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ရပ်နားထားတာကြောင့် စစ်ဘေး ဒုက္ခသည်ပြည်သူတွေကို ပြန်လာဖို့ တပ်မတော်ဘက်က အကြောင်းကြား ထားပေမယ့် တိုက်ပွဲတွေပြန်ဖြစ်မှာ စိုးရိမ်တဲ့အတွက် စစ်ဘေး ဒုက္ခသည်တွေ ဟာ နေရပ်ကို ပြန်မလာရဲသေးဘူးလို့ သိရပါတယ်။
2015-11-21
ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင် ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်နိုင်ငံကို အရင်ဆုံးလာရောက်လည်ပတ်ဖို့ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဖိတ်ကြားလိုက်ကြောင်း ဂျပန်နိုင်ငံခြားရေးဌာနက မနေ့က ထုတ်ပြန်လိုက်ပါတယ်။
2015-11-21
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အဖွဲ့ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအပြင် နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းဖို့အတွက် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံးမှာ ဒီကနေ့ ဆွေးနွေးခဲ့ကြပါတယ်။
2015-11-21
ရှမ်းပြည်နယ်ထဲက စစ်ဘေးသင့်ပြည် သူတွေအတွက် ကယားပြည် နယ်ကျောင်းသားသမဂ္ဂ၊ ကယန်းမျိုးဆက်သစ်လူငယ် နဲ့ကယားပြည်နယ်က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေစုပေါင်းပြီး ဒီမော်ဆိုမြို့၊ မြို့မဈေးမှာ ဒီကနေ့ အလှူခံခဲ့ကြ ပါတယ်။
2015-11-21
ရှမ်းပြည်နယ်အလယ်ပိုင်း မိုင်းနောင်မြို့ တစ်ဝိုက်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် ကျေးရွာတွေကနေ ထွက်ပြေးကြတဲ့ စစ်ပြေးဒုက္ခသည်တွေ နေရပ် မှာ ပြန်နေကြဖို့ တပ်မတော်ဘက်က ပြန်ခေါ်နေတယ်လို့ သိရပါတယ်။
2015-11-21
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်အောင်ရွာအနီးက ကံခါစုပေါင်းမြေ စာပုံမှာ ဒီကနေ့ မနက် အစောပိုင်း ၃ နာရီလောက်က စွန့်ပစ်မြေစာပုံပြိုကျလို့ ခန့်မှန်းလူ ၂ဝဝ လောက်ပိတ်မိနေပြီး ဒီကနေ့ညနေပိုင်းအထိ လူသေ အလောင်း ၄ဝ လောင်း တွေ့ရှိထားပါတယ်။
2015-11-21
မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီး အစည်းအဝေးများမှာ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန် သမ္မတ Barack Obama တို့ဟာ မနက်ဖြန် နိုဝင်ဘာ ၂၂ ရက် တနင်္ဂနွေနေ့မှာ သီးသန့်တွေ့ ဆုံကြမှာ ဖြစ်ပါတယ်။
2015-11-21
ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲ မှာ ဧရာဝတီတိုင်း အိမ်မဲမြို့နယ် ကနေ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန္တာက သူယှဉ်ပြိုင် တဲ့ မဲဆန္ဒနယ်မှာလည်း ပြည်သူတွေဟာ ဥပဒေတွေ က အကာအကွယ်ပေးတယ်ဆိုတာကို သိရှိတာ နည်းနေတာကြောင့် ဥပဒေရဲ့ အကာအကွယ်ဆို တာကို ပြည်သူတွေသိအောင် သူ့အနေနဲ့ ကြိုးပမ်း သွားမယ်လို့ ပြောပါတယ်။
2015-11-21
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှာ စစ်အစိုးရ အုပ်ချုပ်ခဲ့တဲ့ အချိန်တုန်းက မြိတ်မှာ ငါးလေလံဈေး ဖွင့်ဖို့ ပြင်သစ်နိုင်ငံသား လုပ်ငန်းရှင်တစ်ဦးက ကြိုးပမ်းဖူးပြီး လက်ရှိအချိန်အထိ ကြိုးစားနေ ဆဲဖြစ်ပါတယ်။ မြန်မာ့ပင်လယ်ပြင်က ရေထွက် ပစ္စည်းတွေကို မြိတ်မှာ ဈေးကွက်ထားပြီး ထိုင်းနိုင်ငံ ကို ယှဉ်ဖို့ဖြစ်ပါတယ်။
2015-11-20
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ မိုးကာလစပါးစိုက်ပျိုးချိန် ပြီးခဲ့တဲ့ ဇူလိုင်လလောက်က ရေကြီးပြီး လယ်ယာမြေတွေ နစ်မြုပ်ပျက်စီးခဲ့တဲ့အတွက် အခုစပါးပေါ်ချိန်မှာ အထွက်လျော့ကျခဲ့တာကြောင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ ချေးယူထားတဲ့ စိုက်ပျိုးစားရိတ်ငွေကို လယ်သမားတွေ ပြန်လည်ပေးဆပ်ဖို့ အခက်တွေ့နေကြပါတယ်။
2015-11-20
ရှမ်းပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို မနေ့ကစ ရပ်ဆိုင်းထားပြီး နေပြည်တော်မှာ SSPP/SSA ကိုယ်စားလှယ်နဲ့ နိုင်ငံတော်သမ္မတတို့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ သိရပါတယ်။
2015-11-20
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေ တဲ့ “မှတ်မှတ် သားသား စကားများ” အစီအစဉ်ဖြစ် ပါတယ်။ အခုတစ်ပတ်မှာ သမ္မတဦးသိန်းစိန်၊ NLD ဦးဉာဏ်ဝင်း၊ ဝန်ကြီး ဦးရဲထွဋ်၊ အမျိုးသားကွန်ဂရက် ပါတီက ဦးကောင်းမြင့်ထွဋ်၊ မတူကွဲပြားခြင်းပါတီက ဦးနေမျိုးဝေ၊ ကိုမင်းကိုနိုင်၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ NDF ပါတီကိုယ်စားလှယ် ဒေါ် တင်နွယ်ဦး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက သူရ ဦးအောင်ကို တို့ရဲ့ ပြောကြားချက်တချို့ ကို ကောက်နှုတ်စုစည်းတင်ပြထားပါတယ်။