စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန် ကြဖို့ တပ်မတော် ညွှန်ကြား


2015.11.22

ရှမ်းပြည်နယ်အလယ်ပိုင်း မိုင်းနောင်မြို့မှာ အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ရပ်နားထားတာကြောင့် စစ်ဘေး ဒုက္ခသည်ပြည်သူတွေကို ပြန်လာဖို့ တပ်မတော်ဘက်က အကြောင်းကြားထားပေမယ့် တိုက်ပွဲတွေပြန်ဖြစ်မှာ စိုးရိမ်တဲ့အတွက် စစ်ဘေး ဒုက္ခသည်တွေ ဟာ နေရပ်ကို ပြန်မလာရဲသေးဘူးလို့ သိရပါတယ်။

စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ပြောရေးဆိုခွင့်ရှိသူ ကိုစိုင်းခွန်မိုင်ကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။