ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာနဲ့ မေးမြန်းချက်
2015.11.21
ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲမှာ ဧရာဝတီတိုင်း အိမ်မဲမြို့နယ် ကနေ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန္တာက သူယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ်မှာလည်း ပြည်သူတွေဟာ ဥပဒေတွေက အကာအကွယ်ပေးတယ်ဆိုတာကို သိရှိတာနည်းနေတာကြောင့် ဥပဒေရဲ့ အကာအကွယ်ဆိုတာကို ပြည်သူတွေသိအောင် သူ့အနေနဲ့ ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။
မသန္တာဟာ စစ်တပ်က ဖမ်းဆီးထားစဉ်သေဆုံးခဲ့တဲ့ အလွတ်သတင်းထောက် ကိုပါကြီးရဲ့ ဇနီးဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာကို RFA သတင်းထောက် မသီရိမင်းဇင်က တွေ့ဆုံမေးမြန်းထားပါတယ်။