မြိတ်မြို့က ငါးဈေးကွက်အကြောင်း တင်ပြချက်
2015.11.21
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှာ စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ အချိန်တုန်းက မြိတ်မှာ ငါးလေလံဈေးဖွင့်ဖို့ ပြင်သစ်နိုင်ငံသား လုပ်ငန်းရှင်တစ်ဦးက ကြိုးပမ်းဖူးပြီး လက်ရှိအချိန်အထိ ကြိုးစားနေဆဲဖြစ်ပါတယ်။ မြန်မာ့ပင်လယ်ပြင်က ရေထွက်ပစ္စည်းတွေကို မြိတ်မှာ ဈေးကွက်ထားပြီး ထိုင်းနိုင်ငံကို ယှဉ်ဖို့ဖြစ်ပါတယ်။
စစ်အစိုးရလက်ထက်ကနေ နောက်ပိုင်းအထိ ငါးဈေးကွက်ကို မှောင်ခိုအဖြစ်သာ သတ်မှတ်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အစိုးရထိပ်ပိုင်းနဲ့ နီးစပ်သူတွေကြောင့် မြိတ်ငါးဈေးကွက်ဟာ မှောင်ခိုအဆင့်သာ ရှိနေသေးတယ်လို့ ပြောကြပါတယ်။
အာအက်ဖ်အေ သတင်းထောက် ကိုကျော်လွင်ဦးက စုစည်းတင်ပြထားပါတယ်။