သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-10-20
ချင်းတွင်းမြစ်ထဲက အောင်စိုးမိုးကျော် စက်လှေနစ်မြှုပ်မှုမှာ ပညာရေးဝန်ထမ်း ကျောင်းဆရာဆရာမ အယောက် ၃၀ ကျော် အပါအဝင် ပြည်သူတွေ ရာနဲ့ချီအသေအပျောက်ရှိခဲ့ပေမယ့် သမ္မတအပါအဝင် နိုင်ငံတော်အဆင့် အစိုးရအဖွဲ့တာဝန်ရှိသူတွေက အလေးထားဆောင်ရွက်ဖို့ ပျက်ကွက်နေတယ်ဆိုပြီး ပြည်သူတွေအကြား မှာ ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်နေပါတယ်။ ဒီအကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တင်ပြပါလိမ့်မယ်။
2016-10-20
ရခိုင်ပြည်နယ် မောင်တောမြို့ကနေ စစ်တွေမြို့ကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ဒုက္ခသည် ၁ဝဝဝ ကျော်ကို စစ်တွေ မြို့ ဘောလုံးကွင်းရပ်ကွက် ဓညဝတီ အားကစားကွင်းမှာ ရွက်ဖျင်တဲတွေနဲ့ ဒီနေ့ကစတင်ပြီး အစိုးရက နေရာချထားပေးနေ ပါတယ်။
2016-10-20
အိမ်အကူမိန်းကလေးငယ်၂ ဦးကို ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ အင်းဝအပ်ချုပ်ဆိုင် ပိုင်ရှင် မိသားစုဝင် ၆ ဦးအမှုနဲ့ ပတ်သက်ပြီး ဒီကနေ့ အနောက်ပိုင်းခရိုင်တရားရုံးက တရားလိုသက်သေ အဖြစ် အင်းဝအပ်ချုပ်ဆိုင်မှာ အလုပ်လုပ်ခဲ့တဲ့ မတင်တင်ခိုင် ကို စစ်ဆေးခဲ့ပါတယ်။
2016-10-20
စစ်ကိုင်းတိုင်း ကနီမြို့နယ် မိချောင်း တွင်းကျေးရွာအနီးမှာ နစ်မြုပ်ခဲ့တဲ့ အောင် စိုးမိုးကျော် ရေယာဉ်ကို ဒီနေ့မှာ အပြီးသတ် ဆယ်ယူနိုင်ခဲ့ပြီး နစ်မြုပ်မှုကြောင့် သေဆုံးသူဦးရေ ၇၂ ဦး ရှိလာပါတယ်။
2016-10-20
ရွှေ့ပြောင်းလုပ်သားတွေရဲ့ အခြေခံ လွတ်လပ်ခွင့်နဲ့ ရပိုင်ခွင့်တွေကို ထိထိရောက်ရောက်ကာကွယ်ဖို့ အစိုးရ၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီး ဦးသိန်းဆွေ က ပြောပါတယ်။
2016-10-20
မြန်မာ့ ကျောက်မျက်ရတနာဥပဒေကို ပြန် လည်ပြင်ဆင်ပေးဖို့အတွက် လူဦးရေ ၂ သောင်းလောက်ရှိတဲ့ ရေမဆေးကျောက် ရှာဖွေသူတွေ နဲ့ ကျောက်စိမ်းလုပ်ကိုင်သူတွေဟာ ဖားကန့် မြို့ မှော်ဝမ်းရပ်ကွက်က ကျောက်တိုင်ကွင်းမှာ ဒီကနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
2016-10-20
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကနေ ထုတ်ပယ်ခံထားရသူတွေထဲက ရှမ်းပြည်နယ် ပါတီ ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးနဲ့ တောင်ကြီးခရိုင်ပါတီဥက္ကဋ္ဌ ဦးတင်မောင်တိုး အပါအဝင် ၄ ဦးကို ပါတီဗဟိုက ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် က အောက်တိုဘာလ (၁၉) ရက်နေ့ ဒီကနေ့ စတင် စစ်ဆေးခဲ့ပါတယ်။
2016-10-20
ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခသည်တွေတိုးနေ သလို တိုင်းလိုင်- ခေါ် ရှမ်းနီလူမျိုးတွေနဲ့ ကချင်တိုင်းရင်းသားတွေအကြား လူမျိုးရေးပဋိပက္ခတွေ တိုးလာတာဟာ စိုးရိမ်စရာ ကောင်းတယ်လို့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က ဝါရှောင်ဆရာတော် ဦးဝိဇယက မိန့်ကြားလိုက်ပါတယ်။
2016-10-20
မြန်မာ့ ရုပ်ရှင်လုပ်ငန်း အဘက်ဘက်က ကျဆင်းခဲ့ရတာဟာ စစ်အစိုးရရဲ့ ဆင်ဆာဖိနှိပ်မှုကြောင့်လို့ ရုပ်ရှင်လောကသားတွေက ပြောခဲ့ကြပါတယ်။
2016-10-20
ဟိန္ဒူဘာသာဝင်တွေရဲ့ သျှီရိ ဒူရ်ကားမယ်တော်(စန္နီမယ်တော်) အဓိဌာန်ပွဲကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ကျင်းပခဲ့ပြီး မယ်တော်ရုပ်ထု ရေမျှောတာကိုတော့ ဟိန္ဒူဘာသာဝင်အများစုက သီတင်းကျွတ်လပြည့်နေ့မှာ ဆင်နွှဲခဲ့ကြပါတယ်။
2016-10-20
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ဇွဲပါကုန်းတန်းကျေးရွာမှာ ကျောက်မီးသွေးစက်ရုံ တည်ဆောက်ဖို့ ဒေသခံတွေကို လာရောက်စည်းရုံး မှုတွေ ရှိနေတဲ့အတွက် ကျောက်တန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်မူက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ မနေ့က မေးခွန်းမေးမြန်းခဲ့ပါတယ်။
2016-10-19
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေ သက လူဦးရေ ၈ သောင်းကျော်ထံကို အစားအစာတွေ ပေးပို့နိုင်ခြင်းမရှိဘူးလို့ WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ဗုဒ္ဓဟူးနေ့မှာ ထုတ်ဖေါ်ပြောကြားပါတယ်။
2016-10-19
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှင်းလင်းတဲ့ အမျှော်အမြင် နဲ့ ရင့်ကျက်တဲ့ခေါင်းဆောင်မှု၊ အနစ်နာခံမှုနဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေအပေါ် တကမ္ဘာလုံးက ကြည်ညိုလေးစားနေရပါကြောင်း၊ ယုံကြည်စိတ်ချရတဲ့ အိမ်နီးချင်းလက်တွဲဖော်နဲ့ မိတ်ဆွေကောင်းတွေအဖြစ် အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့အတူ ပခုံးချင်းယှဉ် ရိုင်းပင်းရပ်တည်သွားမှာဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ပြောကြားလိုက်ပါတယ်။
2016-10-19
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် မိချောင်းတွင်းကျေးရွာအနီး အောင်စိုး မိုးကျော် ရေယာဉ် နစ်မြုပ်မှုမှာ ဒီနေ့ညနေ အထိ ရုပ်အလောင်း ၆၀ နီးပါးကို ဆယ်ယူရရှိထားတယ်လို့ ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။
2016-10-19
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်း မြို့နယ် ဇွဲပါကုန်းတန်းကျေးရွာမှာ ကျောက် မီးသွေး စက်ရုံတည်ဆောက်ဖို့အတွက် ကုမ္ပဏီတစ်ခု က ကျေးရွာသားတွေကို သဘောတူလက်မှတ်ရေးထိုးဖို့ စည်းရုံးမှုတွေ လုပ်ဆောင်နေတယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်မူ က ပြောပါ တယ်။