မောင်တောဒေသကို ရိက္ခာပို့ခွင့်မရလို့ WFP ပြောကြား


2016.10.19
maungtaw-refugees-620.jpg ရွာတွေကနေ ထွက်ပြေးလာတဲ့ ရခိုင်တိုင်းရင်းသားတွေ မောင်တောမြို့ အမှတ် ( ၁ )၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) ကို ရောက်ရှိလာစဉ်
ဓါတ်ပုံ - ဝံလက် ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသက လူဦးရေ ၈ သောင်းကျော်ထံကို အစားအစာတွေ ပေးပို့နိုင်ခြင်း မရှိဘူးလို့ WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ဗုဒ္ဓဟူးနေ့မှာ ထုတ်ဖေါ်ပြောကြားပါတယ်။ အဲဒီ မြန်မာနဲ့ ဘင်္ဂလားဒေ့ရ်ှ နယ်ခြားဒေသဟာ WFP က ပုံမှန်ထောက်ပံ့ကူညီနေတဲ့ဒေသဖြစ်ပြီး မြန်မာ့တပ်မတော်က အခု ဝင်ရောက်ခွင့်မပြုတဲ့အတွက် လူထုကို သွားရောက်ကူညီလို့မရကြောင်း WFP နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့တဖွဲ့က ပြောဆိုတယ်လို့ AFP သတင်းမှာ ဖေါ်ပြထားပါတယ်။

ဒီအတွင်း မောင်တောမြို့က ဗုဒ္ဓဘာသာဝင်တွေ ယာယီခိုလှုံနေတဲ့ ဘုန်းတော်ကြီးကျောင်းတခုရှေ့မှာတော့ ကုလသမဂ္ဂနဲ့ အစိုးရမဟုတ်တဲ့ တခြားအဖွဲ့အစည်းတွေထံကနေ မိမိတို့ ဘာအကူအညီမှမလိုဘူးလို့ အင်္ဂလိပ်လို စာလုံးကြီးတွေနဲ့ ရေးထားတဲ့ ဆိုင်းဘုတ်တခု စိုက်ထူထားပါတယ်။

ရခိုင်တိုင်းရင်းသားတဦးက ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် အဓိကရုဏ်းမှာ သူတို့ရခိုင်လူမျိုးတွေရဲ့ အိုးအိမ်တွေ မီးရှို့ဖျက် ဆီးခံရတုန်းကတော့ ကမ္ဘာသိအောင် ပြောတဲ့အဖွဲ့အစည်းမရှိခဲ့ဘူးလို့ နိုင်ငံတကာ စေတနာ့ဝန်ထမ်းအဖွဲ့တွေကို ရည်ညွန်းပြောကြားတယ်လို့လည်း AFP ကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။