ဝါရှောင်ဆရာတော်ဦးဝိဇယနဲ့ လျှောက်ထားချက်
2016.10.20
ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခသည်တွေတိုးနေ သလို တိုင်းလိုင်- ခေါ် ရှမ်းနီလူမျိုးတွေနဲ့ ကချင်တိုင်းရင်းသားတွေအကြား လူမျိုးရေးပဋိပက္ခတွေ တိုးလာတာဟာ စိုးရိမ်စရာ ကောင်းတယ်လို့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က ဝါရှောင်ဆရာတော် ဦးဝိဇယက မိန့်ကြားလိုက်ပါတယ်။ စစ်ဘေးဒုက္ခသည်စခန်း ဖွင့်လှစ်ပြီး ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဝါရှောင်ဆရာတော် ဦးဝိဇယကို RFA သတင်းထောက် ကိုသီဟထွန်းက တွေ့ဆုံလျှောက်တင်ထားပါတယ်။