သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-10-11
မနေ့က ထုတ်ပြန်လိုက်တဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်မှာ နိုင်ငံရေး အကျဉ်းသား အားလုံး ခြွင်းချက်မရှိ လွှတ်ပေးမယ်ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်မှုမျိုး မတွေ့ရှိရကြောင်း ထိုင်းအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ အေအေပီပီ က ပြောဆိုလိုက်ပါတယ်။
2011-10-11
ထိုင်း မြန်မာနယ်စပ် အုန်းပျန့် ဒုက္ခသည်စခန်းက ကမ္ဘာလုံးချမ်းသာ ဘုန်းကြီးကျောင်းမှာ သီတင်းသုံး နေထိုင်တဲ့ ဦးဝိသုဒ္ဓနဲ့ ဦးနန္ဒိယတို့ သံဃာတော်နှစ်ပါးဟာ ဒီကနေ့ မနက်ပိုင်းမှာ မြန်မာနိုင်ငံကို ပြန်ကြွဖို့ ထွက်ခွာ သွားပါတယ်။
2011-10-11
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က သမ္မတ ဦးသိန်းစိန်ထံ အောက်တိုဘာ ၁၀ ရက် နေ့စွဲနဲ့ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသားပေးပို့လိုက်ပါတယ်။
2011-10-11
ဦးသိန်းစိန်ရဲ့ သမ္မတသက်တမ်းအတွင်း ဒုတိယအကြိမ်အဖြစ် ကြေညာလိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ အကျဉ်းသား ၆၃၀၀ ကျော်ကို သီတင်းကျွတ် လပြည့်နေ့ကစလို့ ပြန်လွှတ်ပေးမယ့် အစီအစဉ်ထဲမှာ နိုင်ငံရေး အကျဉ်းသားတချို့ ပါလာနိုင်တယ်လို့ သမ္မတရဲ့ အကြံပေးပုဂ္ဂိုလ် ဒေါက်တာနေဇင်လတ်က ပြောပါတယ်။
2011-10-11
သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်နဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ တွေကို လွတ်ငြိမ်းချမ်းသာခွင့်မှာ ထည့်သွင်းသင့်ကြောင်း မြန်မာ့လူ့အခွင့်ရေး ကော်မရှင်က မေတ္တာ ရပ်ခံ လိုက်တာကို မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အထူး ကိုယ်စားလှယ်က Mr. Tomas Quintana က ကြိုဆိုလိုက်ပါတယ်။
2011-10-11
မနက်ဖြန် သီတင်းကျွတ် လပြည့်နေ့ကစပြီး အကျဉ်းသား ၆၃၅၉ ဦးလွတ်ငြိမ်း ချမ်းသာခွင့်ပေးမယ်လို့ သမ္မတ ဦးသိန်းစိန်က ဒီနေ့ ကြေညာ လိုက်ပါတယ်။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ ဘယ်နှစ်ဦး ပါဝင်မယ် ဆိုတာတော့ မသိရသေးပါဘူး။
2011-10-10
ရခိုင်ပြည်နယ် ဘူးသီးတောင် အကျဉ်းထောင်မှာ ၆၅ နှစ်ကျော် ထိန်းသိမ်းခံထားရတဲ့ ၈၈ မျိူးဆက် ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ်ရဲ့ ကျန်းမာရေး အခြေအနေ ဆိုးရွားနေတဲ့ အတွက် မိသားစုဝင်တွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
2011-10-10
မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ သဘောတူ ဆောက်လုပ်နေတဲ့ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို သမ္မတ ဦၤးသိန်းစိန်က ရုတ်တရက် ဆိုင်းငံ့ထားလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြေပြေလည်လည် ဖြေရှင်းနိုင်ဖို့ ပူးပေါင်း ဆောင်ရွက်မှု အပြည့်နဲ့ နောက်ထပ် ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်သွားမယ်လို့ မိမိတို့ နှစ်ဖက် သဘောတူညီခဲ့ကြောင်း တရုတ်ပြည်က ကြေညာလိုက်ပါတယ်။
2011-10-10
၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပါ နိုင်ငံသား အခွင့်အရေးတွေနဲ့ ဆန့်ကျင်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ တိုင်တန်းချက် မှန်သမျှကို လက်ခံနေပြီဖြစ်ကြောင်း မကြာခင်က ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရဲ့ အကြီးအကဲ ဦးဝင်းမြက RFA ကို ဒီကနေ့ ပြောပါတယ်။
2011-10-10
မြန်မာနိုင်ငံဖွား တရုတ် အမျိုးသားတဦး ရိုက်ကူးတဲ့ “မြန်မာပြည်ကို ပြန်သွားခြင်း” Return to Burma အမည်ရှိ ရုပ်ရှင် ဇာတ်ကားဟာ တောင်ကိုရီးယား နိုင်ငံမှာ ကျင်းပနေတဲ့ “ပူဆန်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော်” ရဲ့ ဆန်ခါတင် ဇာတ်ကား ၁၃ ခုစာရင်းမှာ ပါဝင်နေတယ်လို့ သိရပါတယ်။
2011-10-10
အမေရိကန် ဒေါ်လာသန်း (၃) ထောင့် (၆) ရာ ရင်းနှီးမြှုပ်နှံ အကောင်အထည် ဖော်နေတဲ့ ဧရာဝတီမြစ်ဆုံ ဆည်စီမံကိန်း ရပ်ဆိုင်းလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ပြေလည်မှု ရရှိအောင် ကြိုးပမ်းဖို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ ဘေဂျင်းမြို့ကို ဒီကနေ့ သွားရောက်ပြီး တရုတ် ခေါင်းဆောင်တွေနဲ့ ညှိုနှိုင်း ဆွေးနွေးနေတယ်လို့ မြန်မာ အရာရှိတွေက ပြောပါတယ်။
2011-10-10
မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်နေပြီး မြန်မာဘက်က ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ အပေါ် အမေရိကန် အစိုးရ အနေနဲ့လည်း မူဝါဒရေးရာအရ အဆင့်ချင်းအလိုက် တုံ့ပြန်ဆောင်ရွက် သွားမှာဖြစ်ကြောင်း အရှေ့အာရှနဲ့ ပစိဖိတ် ရေးရာ ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2011-10-09
သမ္မတ ဦးသိန်းစိန်ဟာ လာမယ့် အောက်တိုဘာလ ၁၂ ရက် ကနေ ၁၅ ရက်နေ့အထိ အိန္ဒိယ နိုင်ငံကို သုံးရက်ကြာ ချစ်ကြည်ရေး ခရီးစဉ် အဖြစ် သွားရောက်မယ်လို့ သိရပါတယ်။
2011-10-09
အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြည်တွင်း ငြိမ်းချမ်းရေး မရှိပဲ စစ်မှန်တဲ့ အမျိူးသားပြန်လည် သင့်မြတ်ရေး မရရှိနိုင်ဘူးလို့ အင်းစိန် အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေက မနေ့က ပြောဆိုလိုက်ပါတယ်။
2011-10-09
ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလမှာ တိုင်းပြည်နဲ့ လူမျိုးအတွက် မတရားတဲ့ ပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရတဲ့ အနစ်နာခံ နိုင်ငံရေး အကျဉ်း သားတွေကို အမြန်ဆုံး ပြန်လွတ်ပေးသင့်ပါပြီလို့ Generation Wave ခေါ်မျိုးဆက်သစ် လူငယ်များ အစည်းအရုံးက ဒီကနေ့ ပြောလိုက်ပါတယ်။