မြစ်ဆုံ စီမံကိန်းကိစ္စ နှစ်နိုင်ငံ ဆက်လက် ဆွေးနွေးသွားမည်

မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ သဘောတူ ဆောက်လုပ်နေတဲ့ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို သမ္မတ ဦၤးသိန်းစိန်က ရုတ်တရက် ဆိုင်းငံ့ထားလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြေပြေလည်လည် ဖြေရှင်းနိုင်ဖို့ ပူးပေါင်း ဆောင်ရွက်မှု အပြည့်နဲ့ နောက်ထပ် ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်သွားမယ်လို့ မိမိတို့ နှစ်ဖက် သဘောတူညီခဲ့ကြောင်း တရုတ်ပြည်က ကြေညာလိုက်ပါတယ်။

2011.10.10
china_flag_guard_305_z.png တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်ရှိ ပြည်သူ့ မဟာခန်းမ အဆောက်အအုံကြီး ရှေ့တွင် အစောင့် တပ်သားတဦး တာဝန်ကျနေပုံ ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP

သမ္မတ ဦးသိန်းစိန်ရဲ့ အထူး ကိုယ်စားလှယ် အဖြစ် ဘေကျင်းမြို့မှာ ရောက်ရှိနေတဲ့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ယန်ကျဲ့ချီတို့ တွေ့ဆုံ ဆွေးနွေးပြီးနောက် အခုလို ကြေညာတာ ဖြစ်ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီး နှစ်ယောက်ရဲ့ ဆွေးနွေးပွဲ အပြီး တရုတ် နိုင်ငံခြားရေးရာ ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းနဲ့ ပတ်သက်ပြီး နှစ်ဖက် အစိုးရတွေ အနေနဲ့ အသေအချာ တိုင်ပင်စီစစ်ပြီးမှ စတင်ခဲ့ပြီး၊ ဒါကို မြန်မာ သမ္မတ ဦးသိန်းစိန်က ဆိုင်းငံ့ခဲ့တာ ဖြစ်တယ်၊ အခု ဆွေးနွေးပွဲမှာ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ အမြင်တွေ ဖလှယ်ခဲ့ကြပြီး အနာဂတ်မှာ ပူးပေါင်း လုပ်ကိုင်မယ့် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းတွေ အတွက် ရှေ့လုပ်ငန်းစဉ်တွေ သဘောတူ ချမှတ် ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

အဲဒီ ဆွေးနွေးပွဲ အပြီးမှာ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဟာ တရုတ် ဒုတိယ သမ္မတ စီကျင်းဖိန်နဲ့လည်း သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ ၂ နိုင်ငံ အကျိုးစီးပွါး အတွက် ပူးပေါင်း ဆောင်ရွက်မှု ရရှိနိုင်ဖို့ တရုတ် အစိုးရနဲ့ နီးနီးကပ်ကပ် ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ကြောင်းလည်း သိရှိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-10-11 08:49

The Chinese must now understand that Theinsein Government has limited authorities. They must deal with the real landlord of Kachin.

Anonymous
2011-10-10 14:53

Wish they not lie on face to the world!