သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်အပေါ် ကုလအထူးကိုယ်စားလှယ် ကြိုဆို

သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်နဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ တွေကို လွတ်ငြိမ်းချမ်းသာခွင့်မှာ ထည့်သွင်းသင့်ကြောင်း မြန်မာ့လူ့အခွင့်ရေး ကော်မရှင်က မေတ္တာ ရပ်ခံ လိုက်တာကို မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အထူး ကိုယ်စားလှယ်က Mr. Tomas Quintana က ကြိုဆိုလိုက်ပါတယ်။

2011.10.11
quintana-thuya-shwe-man-305 ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၃ ရက် နေ့က နေပြည်တော်တွင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားတို့ တွေ့ဆုံခဲ့ပါသည်။
AFP PHOTO / Soe Than WIN

လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြေညာချက်နဲ့ ဒီကနေ့ အစိုးရ သတင်းမီဒီယာတွေမှာ ဖော်ပြထားတဲ့ မြန်မာအမျိုးသား လူ့အခွင့်ရေး ကော်မရှင်ဥက္ကဌရဲ့ မေတ္တာရပ်ခံစာတွေနဲ့ ပတ်သက်လို့ RFA က ဆက်သွယ်မေးမြန်းရာမှာ Mr. Quintana က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

မြန်မာ လူ့အခွင့်ရေး ကော်မရှင်က ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေဆိုပြီး ဖော်ပြတောင်းဆို ထားတာတောင် တွေ့ရတဲ့အတွက် လူ့အခွင့်ရေး အဖွဲ့အစည်းတွေရဲ့ ရှုထောင့်ကနေ ပြောမယ်ဆိုရင် ဒါဟာ အထူးအပြုသဘော ဆောင်တဲ့ လက္ခဏာတရပ် ဖြစ်တဲ့အတွက် ကြိုဆိုပါတယ်လို့ Mr. Quintana က ေပြောပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ အကျဉ်းသား ၆ ထောင်လွှတ်ဖို့ ဖော်ပြထားပေမယ့် အရင် အတွေ့အကြုံတွေအရ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ တကယ့်နိုင်ငံရေး အကျဉ်းသား တွေ ဘယ်နှစ်ဦး ပါမလဲဆိုတာ မသိနိုင်တဲ့အတွက် ဒီအချက်ကိုတော့ အနီးကပ် စောင့်ကြည့် အကဲခတ် ရမှာ ဖြစ်ပါတယ်လို့လည်း လူ့အခွင့်ရေး အထူးကိုယ်စားလှယ်က ပြောပါတယ်။

Mr. Quintana ဟာ လာမယ့် အောက်တိုဘာ ၁၉ ရက်မှာ အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေး အစီရင်ခံစာကို တင်ပြဖို့ ရှိတယ်လို့လည်း သိရပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်ရေးအထုူးကိုယ်စားလှယ်နဲ့ ကိုကျော်မင်းထွန်း ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

ဒီကြေညာချက်တွေနဲ့ ပတ်သက်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုတွေရဲ့ သဘောထား တုံ့ပြန်ချက် တွေကို မခင်ခင်အိ စုစည်းတင်ပြထားတာ ကိုလည်း တဆက်တည်း နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ပတ်သက်လို့ လူ့အခွင့်ရေး လှုပ်ရှားသူတွေ၊ နိုင်ငံရေး အကျဉ်းသား မိသားစုတွေကို မေးမြန်းပြီး ထိုင်းနိုင်ငံဘန်ကောက်မြို့ရောက် ဦးကိုကိုအောင် သတင်းပေးပို့ ထားတာကိုလည်း နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။