မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးကို အဆင့်ချင်း အလိုက် တုံ့ပြန်မယ်လို့ Campbell ပြော
2011.10.10

RFA
အရှေ့အာရှနဲ့ ပစိဖိတ် ရေးရာ ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချူလာလောင်ကွန်း တက္ကသိုလ်မှာ ဒီကနေ့ ကျင်းပတဲ့ အမေရိကန် နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ ဟောပြောပွဲမှာ Mr. Campbell က အခုလို ပြောကြားလိုက်တာ ဖြစ်ပြီး စိုးရိမ်စရာတွေ ရှိနေပေမယ့် မြန်မာမှာ တစ်မုဟုတ်ချင်း ပြောင်းလဲတာတွေ ဖြစ်နေတာကတော့ မငြင်းနိုင်စရာပါလို့လည်း သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးလို ကိစ္စတွေမှာ တိုးတက်မှု ရှိစေချင်တာကို အတိအလင်း ပြောကြားထားပြီး ဖြစ်ကြောင်း၊ မြန်မာဖက်က ခြေလှမ်းတိုင်းကို အမေရိကန်ဘက်က တန်းတူညီတဲ့ ခြေလှမ်းတွေနဲ့ တုံ့ပြန်သွားမှာ ဖြစ်ကြောင်းလည်း အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားသွားပါတယ်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ အစိုးရ အကြား အကျိုး ရလဒ် ရှိတဲ့ ဆွေးနွေးမှုတွေ ရှိနေပါတယ်လို့လည်း သူက ပြောပါတယ်။
ဒီဟောပြောပွဲမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ပြောခဲ့တာတွေနဲ့ ပတ်သက်လို့ ဒီပွဲကို တက်ရောက်သတင်းယူခဲ့တဲ့ RFA ဝိုင်းတော်သား ဦးကိုကိုအောင်ရဲ့ တင်ပြချက်ကိုလည်း နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |