ရွှေဝါရောင်လှုပ်ရှားမှု သံဃာတော် နှစ်ပါး ပြည်တော်ပြန်ပြီ
2011.10.11

(Photo: AFP)
သက်တော် (၅၁) နှစ် ဝါတော် (၁၃) ဝါရ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဝိသုဒ္ဓက မြန်မာပြည်ကို ပြန်ဖို့ ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ အခုလို မိန့်ပါတယ်။
“ဦးပဇင်း တို့ကတော့ လက်ရှိ အခြေအနေအရ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးထားတယ်။ ဒေါ်အောင်ဆန်းစုကြည် ကလည်းပြောတယ်။ မကြာမီ အချိန်အတောအတွင်းမှာ အကောင်းဘက် လမ်းကြောင်းတွေကို ရောက်ရမှာပါ ဆိုပြီးတော့ ပြောထားတယ်။ နောက် အခုလက်ရှိ အခု နိုင်ငံ တော်ကနေပြီးတော့ တကူးတက ပြန်ခေါ်နေတယ်။ ပြန်ခေါ်တဲ့ အပေါ်မှာ မူတည်ပြီးတော့ ဦးပဇင်းတို့က ဒါသူတို့ကို ယုံကြည်လို့ ဝင်ကြမယ် ဆိုပြီးတော့ ဝင်လာကြတာပဲ ဖြစ်တယ်”
၂၀၀၇စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးမှာ ပါဝင်ခဲ့ပြီး ထိုင်း မြန်မာနယ်စပ်ဘက်ကို တိမ်းရှောင်လာတဲ့ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ကိုးထပ်ကြီး ဘုန်းကြီးကျောင်းက စာသင်သား သံဃာတော် ဦးနန္ဒိယကလည်း မြန်မာပြည် ပြန်ဝင်တဲ့ သူ့ရဲ့ ရည်ရွယ်ချက်ကို အခုလိုမိန့်ပါတယ်။
“ဦးပဇင်းတို့က ဘုရားရဲ့ လုပ်ငန်းဖြစ်တဲ့ ပဋိယတ္တိသာသနာ ပဋိပတ္တိ သာသနာ ဒီသာသနာ (၂)ရပ်ကိုပဲ ပြန်ထမ်းဆောင်ဖို့ ပြန်ပြီးတော့ လုပ်ဖို့ ဦးဇင်းတို့က ဆုံးဖြတ်ချက်ချထား တယ်လေ။ အခု ပြည်တွင်းမှာ အေးအေး ဆေးဆေး ရှိပြီဆိုတော့ ကိုယ့်ပြည်တွင်းမှာ ပြန်လုပ်ဖို့ ဦးပဇင်းတို့ က စိတ်ကူးထားတာ ဒီသမ္မတကြီးရဲ့ စကားကို ယုံကြည်လို့ ပြန်ဝင် လာတာပေါ့”
နိုင်ငံရေးလှုပ်ရှားမှုမှာ ပါဝင်ပတ်သက်ခဲ့လို့ ထိုင်း မြန်မာနယ်စပ်ကို တိမ်းရှောင် လာခဲ့တဲ့ သံဃာတော် (၂)ပါးရဲ့ ပြည်တော် ပြန်ဝင်မယ့် အခြေအနေတွေနဲ့ သံဃာတော်တွေရဲ့ မိန့်ဆိုချက်တွေ ဖြစ်ပါတယ်။