သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-02-19
နယ်နိမိတ်ကျုးကျော်ခံရတဲ့အတွက် အိန္ဒိယ-မြန်မာနယ်စပ်မှာရှိတဲ့ မဏိပူပြည်နယ် နယ်မြေကျုံ့သွားတယ်လို့ ပြည်နယ်ထုတ် Imphal Free Press သတင်းက ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ဖော်ပြပါတယ်။
2023-02-19
တော်လှန်ရေးအစမှာ အကူအညီမရခဲ့တဲ့ ပညာရေးပိုင်းမှာ လက်ရှိအချိန်မှာ ဥရောပသမဂ္ဂ EU အင်္ဂလန်၊ အမေရိကန် စတဲ့နိုင်ငံတွေကနေ အမေရိကန်ဒေါ်လာသုံးသန်း အကူအညီ စတင်ရလာပြီလို့ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။
2023-02-19
ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံတွေကနေ အပေါ့စားနဲ့ အသေးစားလက်နက်တွေထုတ်လုပ်ရုံမက ပြည်ပနိုင်ငံတွေကလည်း လက်နက်ငယ်နဲ့ မော်တာတွေပါ ဝယ်ယူပါတယ်။
2023-02-19
တန့်ယန်းမြို့နယ် အမှတ် (၂) ရပ်ကွက်က နေအိမ်ခြံဝင်းတစ်ခုထဲမှာ မိုင်းပေါက်ကွဲခဲ့ပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
2023-02-19
လောင်းရှည်ရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းခဲ့တဲ့ သုံးရက်အတွင်း အိမ် ၃၀၀ ကျော်မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ပြောပါတယ်။
2023-02-19
ကန့်ဘလူမြို့နယ်ကို စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်းရေးလုပ်ခဲ့တာကြောင့် အရပ်သား နှစ်သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။
2023-02-19
ပုလဲမြို့နယ်ထဲမှာ စစ်ကြောင်းထိုးမှုကြောင့် ရွာပေါင်း ၁၁ ရွာက အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
2023-02-19
စစ်ကိုင်းနဲ့ မကွေးတိုင်းက ၂၀ ဦးကို စစ်ကောင်စီတရားရုံးတွေက ထောင်လေးနှစ်ကနေ ၁၅ နှစ်အထိ ချမှတ်လိုက်ပါတယ်။
2023-02-18
ဒါဟာ မြန်မာနိုင်ငံက Cobra Gold စစ်ရေးလေ့ကျင့်မှုမှာ မပါဝင်တာ သုံးနှစ်ဆက်တိုက်ဖြစ်ပါတယ်။
2023-02-18
အကူအညီတွေလျှော့ချတာဟာ ရိုဟင်ဂျာတွေ အထူးသဖြင့် အမျိုးသမီးတွေ နဲ့ မိန်းကလေးငယ်တွေ လူကုန်ကူးခံရနိုင်တဲ့ အခြေအနေကို ရောက်ရှိစေနိုင်တယ်လို့ Burma Campaign UK က ထောက်ပြပါတယ်။
2023-02-18
ကန့်ဘလူ၊ ကိုင်းရိုးရွာသားနှစ်ဦးကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၇ ရက်က ဖမ်းဆီးသတ်ဖြတ်ပြီး မီးရှို့ခဲ့တယ်လို့ ပြောပါတယ်။
2023-02-18
KIA တပ်ရင်း (၉) နယ်မြေကို စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းနဲ့ အပြင်းအထန် ထိုးစစ်ဆင်နေတာ တစ်ပတ်ရှိလာပါပြီ။
2023-02-18
ဘုတ်ပြင်းမြို့နယ် ခဲချောင်းရွာအနီးမှာ ခရီးသည်တင်ကားတစ်စီး ပစ်ခတ်ခံရပြီး အရပ်သား နှစ်ဦးသေဆုံးခဲ့ပါတယ်။
2023-02-18
စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ကြေညာခဲ့တဲ့ ပူဂင့်ကမ်းလျန်ကို အဖွဲ့ဝင်အဖြစ်ကနေ ပြန်လည်ဖယ်ရှားကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။
2023-02-18
ပုလဲမြို့နယ်က ကိုင်းတွင်းနဲ့ မင်းတိုင်ပင်ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခဲ့တဲ့အတွက် အရပ်သား ၃၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။