မြန်မာဘက်က နယ်ခြားတိုင်တွေဖယ်ရှားဟု အိန္ဒိယပြောကြား

RFA Burmese
2023.02.19
မြန်မာဘက်က နယ်ခြားတိုင်တွေဖယ်ရှားဟု အိန္ဒိယပြောကြား အိန္ဒိယ-မြန်မာနယ်စပ် တစ်နေရာကို ၂ဝ၁၇ ခုနှစ် အစောပိုင်းက တွေ့ရစဉ်။
AFP

နယ်နိမိတ်ကျုးကျော်ခံရတဲ့အတွက် အိန္ဒိယ-မြန်မာနယ်စပ်မှာရှိတဲ့ မဏိပူပြည်နယ် နယ်မြေကျုံ့သွားတယ်လို့ ပြည်နယ်ထုတ် Imphal Free Press သတင်းက ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ဖော်ပြပါတယ်။

နှစ်နိုင်ငံ နယ်နိမိတ်အဖြစ် စိုက်ထူထားတဲ့ ကျွန်းတိုင်တွေကို မြန်မာတွေက ဆွဲနုတ်ပြီး မြစ်ထဲ ပစ်လိုက်တယ်လို့ အိန္ဒိယအရှေ့မြောက်ပိုင်း၊ မဏိပူပြည်နယ် မြန်မာ-အိန္ဒိယနယ်စပ် ကျေးရွာအကြီးအကဲတစ်ယောက်က ပြောတယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံနယ်စပ် ပြဿနာဖြစ်ပွားနေတာ ကြာမြင့်နေပြီဖြစ်ပြီး ပြည်နယ်တစ်လျှောက် နယ်စပ်နေရာ အတော်များများကို ကျူးကျော်နိုင်ဖို့ နယ်ခြားမှတ်တိုင်တွေကို မြန်မာဘက်က ဖယ်ရှားနေတာနဲ့အမျှ မဏိပူပြည်နယ်ရဲ့ စုစုပေါင်းဧရိယာက ဆက်လက်ကျုံ့နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

UCM လို့ ခေါ်တဲ့ မဏိပူပေါင်းစည်းကော်မတီက နယ်စပ်ခရိုင်ကို ဒီလ ၁၅ ရက်နဲ့ ၁၆ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁ဝ၄ နားက ကျေးရွာအကြီးအကဲက... မဏိပူပြည်နယ်ဟာ Google မြေပုံက ပြထားတာနဲ့ နယ်ခြားမှတ်တိုင်တွေ မကိုက်ညီတော့ဘဲ မဏိပူက ကျေးရွာတွေ မြန်မာဘက် ရောက်နေတယ်လို့ ပြောတဲ့အကြောင်း သတင်းမှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။