သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-08-15
မနေ့က ပြင်ပ နိုင်ငံခြားငွေ လဲလှယ်နှုန်း အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ (၇၅၇) ကျပ်ပဲ ရှိတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က တစ်ဒေါ်လာကို (၇၆၄) ကျပ်နှုန်း ပေါက်ခဲ့တာပါ။ FEC လဲလှယ်နှုန်း ကတော့ တစ်ဒေါ်လာကို ၇၀၀ ကျပ်အထိ ကျဆင်းခဲ့ပါတယ်။
2011-08-15
ပြီးခဲ့တဲ့ နိုဝင်ဘာလက နေအိမ် အကျယ်ချုပ်ကနေ လွတ်မြောက်လာတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး နိုင်ငံရေး ခရီးဖြစ်တဲ့ ပဲခူးခရီးစဉ်ရဲ့ အောင်မြင်မှု ရလဒ်ကို ကုလ သမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စုတို့က မနေ့က ကြိုဆိုလိုက်ပါတယ်။
2011-08-15
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးခရီးစဉ်အဖြစ် သြဂုတ်လ ၁၄ ရက်နေ့က ပဲခူးနဲ့ သနပ်ပင်ကို သွားရောက်ခဲ့တဲ့ အကြောင်း တင်ပြထားပါတယ်။
2011-08-15
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူသားထု တရပ်လုံး အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေကို ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ ဖွဲ့စည်း စစ်ဆေးနိုင်ရေးကို Forum of Burmese in Europe ခေါ် ဥရောပရောက် မြန်မာများအဖွဲ့က ထောက်ခံလိုက်ပါတယ်။
2011-08-15
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာအစိုးရသစ်ကို ထင်သာမြင်သာ ရှိရှိ တိုးတက်အောင် လုပ်ဖို့ ပြောနေတဲ့ မူဝါဒရှိပါတယ်။ ဒါကို ကျနော်တို့ စောင့်ကြည့်နေပါတယ်လို့ အမေရိကန်အထက် လွှတ်တော် အမတ် Mr. Jim Webb က သြဂုတ်လ ၁၅ ရက်နေ့က ပြောသွားပါတယ်။
2011-08-15
ကချင်ပြည်နယ်မှာ တရုတ်ကုမ္ပဏီတွေ တည်ဆောက်နေတဲ့ ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်းကို ချက်ချင်း ရပ်တန့်ပေးဖို့ (၈၈) မျိုးဆက် ကျောင်းသားများ အဖွဲ့က ဒီကနေ့ ကြေညာချက် တစောင် ထုတ်ပြန်ပြီး တိုက်တွန်းလိုက် ပါတယ်။
2011-08-15
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနားက လာမည့် သီတင်းပတ် အတွင်း မြန်မာနိုင်ငံကို သွားရောက်မယ်လို့ RFA ကို ဒီကနေ့ ထုတ်ဖော် ပြောကြားပါတယ်။
2011-08-15
ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရဝန်ကြီး ဦးအောင်ကြည်တို့ရဲ့ တွေ့ဆုံပွဲတွေက နှစ်ဘက် သဘောတူညီချက်တွေ အပေါ် ကြိုဆို ထောက်ခံကြောင်း ကြေညာချက် တစ်စောင်ကိုလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့က ဒီကနေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
2011-08-15
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့က သူ့ရဲ့ ပဲခူးမြို့ ခရီးစဉ်နဲ့ ပတ်သက်ပြီး အာဏာပိုင်တွေနဲ့ အဖွဲ့အစည်းတွေကို ကျေးဇူးတင်ကြောင်း ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2011-08-14
အစိုးရဝန်ကြီး ဦးအောင်ကြည်နဲ့ မိမိ တွေ့ဆုံခဲ့တဲ့ ကိစ္စတွေကို အသေးစိတ် ထုတ်ပြန်ဖို့ အချိန် မတန်သေးဘူးလို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။
2011-08-14
ရှမ်းပြည်နယ်မှာ ဆောက်လုပ်နေတဲ့ တာဆန်းရေကာတာ စီမံကိန်းကို ကုမ္ပဏီက ဆက်ပြီး မလုပ်တော့ဘူး ဆိုတာကြောင့် အမည်မသိ လက်နက် ကိုင်အဖွဲ့က ဖမ်းဆီးထားတဲ့ တရုတ်ပညာရှင် ၄ ဦးကို မကြာသေးခင်ရက်ပိုင်းက ပြန် လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
2011-08-14
မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံ အသီးသီးကို ကုန်ပစ္စည်း တင်ပို့ရောင်းချမှုက ရရှိတဲ့ ပို့ကုန်ဝင်ငွေ (Export Earning) ကနေ အခွန်စည်းကြပ်မှုကို သြဂုတ်လ ၁၅ ရက်ကစလို့ ၂ ရာခိုင်နှုန်းသာ ကောက်ခံတော့မယ်လို့ သိရပါတယ်။
2011-08-14
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ပဲခူးခရီးစဉ် အတွင်း စည်းလုံးညီညွတ်ရေး ရှိဖို့ တိုက်တွန်းလိုက် ပါတယ်။ ဒီကနေ့ မနက်ပိုင်း ပဲခူးမြို့ကို သွားရောက်စဉ် ထောင်နဲ့ချီတဲ့ ပြည်သူလူထုကြီးကို စကားပြောကြားရာမှာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံး အတူတကွ လက်တွဲလုပ်ဆောင်ဖို့ လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။
2011-08-14
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ ကချင်ပြည်နယ်မှာ တည်ဆောက်နေတဲ့ မြစ်ဆုံရေကာတာ နဲ့ နောက်ထပ် ရေကာတာ ၆ ခုကြောင့် ဧရာဝတီ မြစ်ကြီးကို ပျက်စီးစေနိုင်ပြီး ကချင်ပြည်သူတွေနဲ့ မြစ်ရိုးတလျှောက် အသက်မွေးဝမ်းကြောင်းနေတဲ့ ပြည်သူ သန်းပေါင်းများစွာ ဘဝတွေ ပျက်သုဉ်းသွား နိုင်တဲ့အကြောင်း ဆွေးနွေးထားကြပါတယ်။
2011-08-13
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ရဲ့ ပူးတွဲထုတ်ပြန်ချက်အပေါ် ကြိုဆို ကြောင်းနဲ့ နှစ်ပွင့်ဆိုင်ဆွေးနွေးပွဲက တဆင့် တိုင်းရင်းသားတွေပါ ပါဝင်တဲ့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို ဦးတည် ရောက်ရှိလာမယ်လို့ မျှော်လင့် ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ MPU က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။