ဦးအောင်ကြည်နဲ့ သဘောတူချက်တွေကို ပါတီက ထောက်ခံကြောင်း NLD ကြေညာ
2011.08.15
ဦးအောင်ကြည်နဲ့ ပူးတွဲ ထုတ်ပြန်ခဲ့တဲ့ သဘောတူညီချက်တွေနဲ့ ပတ်သက်ပြီး အဖွဲ့ချုပ် ဗဟို အလုပ် အမှုဆောင် ကော်မတီကို တင်ပြခဲ့ အပြီး အခုလို ကြေညာချက် ထုတ်ပြန် ထောက်ခံလိုက်တာ ဖြစ်ကြောင်း ပါတီ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပြပါတယ်။
အစိုးရရဲ့ ဖိတ်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရဝန်ကြီး ဦးအောင်ကြည်နဲ့ ဇူလိုင်လ ၂၅ ရက်နေ့နဲ့ သြဂုတ်လ ၁၂ နေ့တွေမှာ ၂ ကြိမ်တွေ့ဆုံခဲ့ပြီး ဒီတွေ့ဆုံပွဲက ဆွေးနွေးချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ဗဟို အလုပ် အမှုဆောင်အဖွဲ့ကို တင်ပြခဲ့ရာမှာ ဗဟို အလုပ် အမှုဆောင်အဖွဲ့က သဘောတူလက်ခံတဲ့အကြောင်း၊ နှစ်ဘက် သဘောတူညီချက်တွေ အပေါ် ကြိုဆို ထောက်ခံကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ ဝန်ကြီး ဦးအောင်ကြည်တို့ရဲ့ တွေ့ဆုံပွဲတွေနဲ့ ပတ်သက်ပြီး အခု အချိန်အထိ အသေးစိတ် ထုတ်ပြန် ပြောကြားနိုင်ခြင်း မရှိတာဟာ အသေးစိတ် လုပ်စရာလေးတွေ ရှိနေသေးလို့ ဖြစ်ကြောင်း၊ မိမိ အနေနဲ့ ဘာမှ မသေချာ မရေရာသေးဘဲနဲ့ ပြည်သူတွေကို လွဲမှားတဲ့ မျှော်လင့်ချက်တွေ မပေးချင်ကြောင်း၊ အသေးစိတ် ဆွေးနွေးချက်တွေကို လူထုကို အသိပေးဖို့ အစီအစဉ် ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပဲခူးမြို့ ခရီးစဉ် အတွင်း ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်ကြီးဦးအောင်ကြည် တွေ့ဆုံမှုတွေ အပေါ် NLD ပါတီရဲ့ သဘောထား အကြောင်း NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို RFA က ကိုဇော်မိုးကျော် ဆက်သွယ် မေးမြန်းထားတာကိုလည်း တဆက်ထဲ နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |