မြစ်ဆုံရေကာတာ စီမံကိန်း ရပ်ပေးဖို့ ၈၈ မျိုးဆက် ကျောင်းသားများ တောင်းဆို
2011.08.15

တိုင်းပြည်ရဲ့ ပင်မ သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကြီး တိမ်ကော ပပျောက်သွားမယ့် ဘေးက ကာကွယ်ဖို့နှင့် တိုင်းရင်းသား ပြည်သူတွေရဲ့ အသက် အိုးအိမ် ပျက်စီး ဆုံးရှုံးမှုဘေးက ကာကွယ်နိုင်ဖို့ အခုလို တိုက်တွန်းရတာ ဖြစ်တယ်လို့ (၈၈) မျိုးဆက် ကျောင်းသားများ အဖွဲ့ဝင် ကိုစိုးထွန်းက ပြောပါတယ်။
၂-နိုင်ငံ အစိုးရတွေ အနေနဲ့ စဉ်းစားချင့်ချိန်ပြီး တိုင်းပြည်နဲ့ လူမျိုး အတွက်၊ တိုင်းရင်းသား အချင်းချင်း ချစ်ခင် ရင်းနှီး စည်းလုံးညီညွတ်မှုတွေ မပျက်ပြားစေရေး အတွက် အလေးအနက် စဉ်းစားပြီး ရပ်ဆိုင်းစေလိုကြောင်း ထုတ်ပြန်ကြေညာခဲ့တယ်လို့ ကိုစိုးထွန်းက ပြောပါတယ်။
မြစ်ဆုံရေကာတာ စီမံကိန်းနှင့် ပတ်သက်လို့ နိုင်ငံတကာက ကျွမ်းကျင် ပညာရှင်တွေနဲ့ စနစ်တကျ ဖွဲ့စည်း တိုင်ပင်ပြီး သုတေသနပြုမှု၊ ဆန်းစစ်မှုတွေကို ပြည်သူ လူထုကို ပွင့်ပွင့်လင်းလင်း အသိပေးဖို့၊ ဆန္ဒသဘောထား ခံယူဖို့ကိုလည်း ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။
ဒါ့ပြင် မြစ်ဆုံရေကာတာ စီမံကိန်း ရပ်တန့်ပေးရေး လှုပ်ရှားမှုမှာ ရဟန်းရှင်လူ၊ ကျောင်းသားနဲ့ တပ်မတော်သားတွေ၊ စာပေ အနုပညာရှင်တွေ၊ အလုပ်သမား လယ်သမားတွေ၊ တတ်သိ ပညာရှင်တွေနဲ့ နိုင်ငံရေး လူမှုရေး နယ်ပယ်က ပုဂ္ဂိုလ်တွေ အားလုံး အမျိုးသားရေး တာဝန်သိစိတ်နဲ့ ကျယ်ကျယ် ပြန့်ပြန့် ပါဝင်ကြဖို့ကိုလည်း နှိုးဆော်ထား ပါတယ်။
အခုလို ဧရာဝတီ မြစ်ဆုံ ရေကာတာ ရပ်တန့်ပေးဖို့နဲ့ ဒီလှုပ်ရှားမှုမှာ တမျိုးသားလုံး ပါဝင်ကြဖို့ တိုက်တွန်း လိုက်တဲ့ (၈၈) မျိုးဆက် ကျောင်းသားများ အဖွဲ့က ကိုစိုးထွန်းကို အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |