သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-04-24
ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်း ကေအိုင်အေ နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲတွေကြောင့် တောတောင်တွေထဲ ထွက်ပြေးနေရတဲ့ ဒုက္ခသည် နှစ်ထောင်နီးပါးကို ကယ်ထုတ်နိုင်ရေးအတွက် အစိုးရတပ်မတော်နဲ့ ကချင်ခရစ်ယာန်ဂိုဏ်းပေါင်းစုံက ခေါင်းဆောင်တွေရဲ့ ညှိနှိုင်းမှု မအောင်မြင်ဘူးလို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က ဒေါက်တာ ဆမ်ဆွန်က ပြောပါတယ်။
2018-04-24
လှိုင်သာယာမြို့နယ်က ဧရိယာစတုရန်းဧက ၃ဝဝ ခန့်ရှိတဲ့ ထိန်ပင်အမှိုက်ပုံဟာ ဧပြီ ၂၁ ရက်နေ့ နေ့လယ်ပိုင်းက စပြီးလောင်နေတဲ့ မီးကို မီးသတ်ယာဉ် ၁၂ စီး၊ ရေသည်ယာဉ် ၄ စီးနဲ့ ငြိမ်းသတ်နေပြီး အခုချိန်မှာတော့ ထိန်းချုပ်နိုင်တဲ့ အခြေအနေရှိပြီလို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောပါတယ်။
2018-04-23
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် စနေနေ့၊ စင်္ကာပူနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ ညီလာခံကို တက်ရောက်မှာ မဟုတ်ဘဲ၊ သမ္မတ ဦးဝင်းမြင့် တက်ရောက်မယ်လို့ သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောဆိုကြောင်း South China Morning Post၊ ဘန်ကောက်ပို့စ် နဲ့ ကျိုဒို သတင်းဌာနတွေက ဖေါ်ပြကြပါတယ်။
2018-04-23
တရုတ်နိုင်ငံရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ မြန်မာသမ္မတဟောင်း ဦးသိန်းစိန်ကို ပြီးခဲ့တဲ့တနင်္ဂနွေနေ့က တရုတ်နိုင်ငံ၊ ဘေကျင်းမြို့မှာ တွေ့ဆုံခဲ့ကြပြီး တရုတ်မြန်မာ စီးပွားရေး တိုးမြှင့်ဆောင်ရွက်ဖို့ကိစ္စတွေ ပြောဆိုခဲ့ကြပါတယ်။
2018-04-23
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် ၃ ဦးကို ပါတီစည်းကမ်းချိုးဖောက်တာ နဲ့ ငွေကြေးသုံးစွဲမှု စနစ်မကျတာတွေကြောင့် ပါတီစည်းမျဉ်းစည်းကမ်းတွေနဲ့အညီ အရေးယူဖို့ မနေ့က ကျင်းပတဲ့ ပါတီဗဟိုအလုပ် အမှုဆောင်ကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။
2018-04-23
ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်း အစိုးရတပ်မတော်နဲ့ KIA ကချင်လွတ်မြောက်ရေးတပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် တောတောင်တွေထဲ ထွက်ပြေးနေရတဲ့ ဒုက္ခသည် နှစ်ထောင်နီးပါးကို ကယ်ထုတ်နိုင်ရေးအတွက် ကချင်ခရစ်ယာန်ဂိုဏ်းပေါင်းစုံက ခေါင်းဆောင်တွေ အစိုးရတပ်မတော်နဲ့ ညှိနှိုင်းတာ အဆင်မပြေသေးဘူးလို့ KBC က တာဝန်ရှိသူတစ်ဦးက ဒီနေ့ ပြောပါတယ်။
2018-04-23
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် မထောခူနဲ့ ဇရပ်ဖြူရေငုတ်တောင် ကျေးရွာတွေက သိမ်းဆည်းခံထားရတဲ့ မြေဧက ၂၀၀ ကျော် ပြန်လည်ရရှိရေးအတွက် ဒေသခံ ၄၀၀ လောက်က လွိုင်ကော်မြို့မှာ ဒီကနေ့ ဆန္ဒပြ တောင်းဆိုကြပါတယ်။
2018-04-23
ရိုက်တာ သတင်းထောက် နှစ်ဦးကို ထောင်ချောက်ဆင်ဖမ်းဆီးတာလို့ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှာ သက်သေထွက်ဆိုခဲ့တဲ့ ဒု-ရဲမှူး မိုးရန်နိုင်နဲ့ မိသားစုဝင်တွေ အခြေခံလူ့အခွင့် အရေးတွေ မထိခိုက်စေရေး ဆောင်ရွက်ပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာနထံ စာပေးပို့ဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဆုံးဖြတ်လိုက်ပါတယ်။
2018-04-23
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ထိန်ပင်သုဿန်အနီးက ဧရိယာစတုရန်းဧက ၃ဝဝ ခန့်ရှိတဲ့ အမှိုက်ပုံဟာ ဧပြီ ၂၁ ရက်နေ့ကတည်းက မီးလောင်ကျွမ်းနေတာကြောင့် ဒီနေ့အထိ မြို့နယ်အတော်များများမှာ ညှော်နံ့တွေ မီးခိုးနံ့တွေ ပျံ့နှံ့နေပါတယ်။
2018-04-23
ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ ၁၆(ခ)နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒုတိယရဲမှူး မိုးရန်နိုင် ကို စစ်ဆေးမှုပြီးစီးပြီ ဖြစ်တာကြောင့် သူ့ကို ထိန်းသိမ်းထားတဲ့ အမှတ်(၈) လုံခြုံရေးရဲတပ်ရင်း၊ ရဲအချုပ်မှာ မိသားစုဝင်တွေ တရားဝင် လာရောက်တွေ့ဆုံနိုင်တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးက တာဝန်ရှိသူ ရဲမှူးကြီး မျိုးသူစိုး က ပြောပါတယ်။
2018-04-23
အစိုးရ၊ တပ်မတော်နဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားက မပြေလည်မှုတွေကို ဖြေရှင်းနိုင်ဖို့အတွက် နိုင်ငံရေးကဏ္ဍနဲ့ လုံခြုံရေးကဏ္ဍဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲတွေကို ဧပြီလ ၂၀ နဲ့ ၂၁ ရက်နေ့တွေမှာ နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။
2018-04-23
ကချင်ပြည်နယ် နမ္မတီးမြို့ ကဆုန့်ဒေသမှာ ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့လောက်ကစပြီး အစိုးရတပ်မတော်နဲ့ KIA တို့အကြား တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
2018-04-23
၁၉၅၀ ပြည့်နှစ်ကစလို့ တွင်တွင်ကျယ်ကျယ်သုံးလာပြီး တော်တော်နဲ့ ဆွေးမြေ့မသွားဘဲ ပင်လယ်သမုဒ္ဒရာတွေမှာ အမှိုက်ပုံသွားဖြစ်တဲ့ ပလတ်စတစ်တွေ သုံးနေတာလျှော့ချတဲ့နိုင်ငံတွေ စာရင်းမှာ မြန်မာနိုင်ငံ မပါဝင်ပါဘူး။
2018-04-22
ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ ပထမဆုံးအကြိမ် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ထုလုပ်ဖို့ မြို့နယ်စည်ပင် သာယာရေးကော်မတီက စီစဉ်နေတာကို နိုင်ငံရေးပါတီတချို့နဲ့ အဖွဲ့အစည်းတချို့က ကန့်ကွက်တာတွေရှိနေပေမယ့် ပြီးဆုံးတဲ့အထိ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြည်နယ် လွှတ်တော်ဥက္ကဌ က ဒီနေ့ ပြောပါတယ်။
2018-04-22
တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို လာမယ့် မေလမကုန်ခင်မှာ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဖို့ အစိုးရနဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့တို့ရဲ့ နိုင်ငံရေး ကဏ္ဍဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲမှာ ညှိနှိုင်းထားပါတယ်။