ပိတ်မိနေတဲ့ ဒုက္ခသည်တွေကို ကယ်ထုတ်ခွင့်မရသေး


2018.04.23
tanaing-refugees-622.jpg တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ တနိုင်းမြို့နယ်က ရွာသားတွေကို တွေ့ရစဉ်
Photo: Hkun Awng Nlam - facebook

ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်း အစိုးရတပ်မတော်နဲ့ KIA ကချင်လွတ်မြောက်ရေးတပ်တို့ရဲ့ တိုက်ပွဲတွေ ကြောင့် တောတောင်တွေထဲ ထွက်ပြေးနေရတဲ့ ဒုက္ခသည် နှစ်ထောင်နီးပါးကို  ကယ်ထုတ်နိုင်ရေးအတွက် ကချင်ခရစ်ယာန်ဂိုဏ်းပေါင်းစုံက ခေါင်းဆောင်တွေ အစိုးရတပ်မတော်နဲ့ ညှိနှိုင်းတာ အဆင်မပြေသေးဘူးလို့ KBC က တာဝန်ရှိသူတစ်ဦးက ဒီနေ့ ပြောပါတယ်။

မြောက်ပိုင်းတိုင်း တိုင်းမှူးအပါအဝင် တပ်မတော်ခေါင်းဆောင်တွေက ခွင့်မပြုတဲ့အတွက် ဒုက္ခသည်တွေကို ကယ်ဆယ်လို့ မရသေးဘူးလို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က ဒေါက်တာ ဆမ်ဆွန် က ပြောပါတယ်။

"အောင်လောဒ်ဘက်က ခေါ်ထုတ်ဖို့အစီအစဉ်က မဖြစ်ဘူး၊ ခွင့်ပြုချက်မရဘူးပေါ့၊ အောင်လောဒ်ကို ပို့ဖို့အတွက် ကျတော့ စစ်တပ်ကတော့ သဘောတူတယ်၊ အဲဒီကလူတွေ တနိုင်းကိုခေါ်ထုတ်ဖို့ကျတော့ သူတို့သဘောမတူဘူး၊ ကျနော်တို့က ဘယ်လိုမှလုပ်လို့မရဘူးဖြစ်နေတယ်၊ ကျနော်တို့က ကက်သလစ်ကဆရာတွေနဲ့ မြောက်ပိုင်းတိုင်း က တိုင်းမှူးတွေ သူတို့ဆွေးနွေးကြတယ် ’’

ပြီးခဲ့တဲ့ ဧပြီလ ၁၂ ရက်နေ့လောက်ကတည်းက အောင်လော့ဒ်၊ ဆွတ်ရိန်ယန်နဲ့ ဆွတ်ရာ ဆိုတဲ့ ရွာ ၃ ရွာက ဒေသခံ နှစ်ထောင်နီးပါးလောက်ဟာ တိုက်ပွဲတွေကြောင့် ရွာလုံးကျွတ်ထွက်ပြေးနေကြရတာလို့ သိရပါတယ်။

အစိုးရတပ်မတော်က အောင်လော့ဒ်ရွာအပါအဝင် သူတို့နေရပ်မှာ ပြန်လည်နေထိုင်ကြဖို့ ခွင့်ပြုပေမယ့် ခရစ်ယာန် ဂိုဏ်းပေါင်းစုံအဖွဲ့ကတော့ တနိုင်းမြို့ပေါ်မှာ ယာယီနေထိုင်ခွင့်ပြုချက်တောင်းရာမှာ ပြေလည်မှု မရသေးတာပါ။

တောတောင်ထဲရောက်နေတဲ့ ဒုက္ခသည်တွေနဲ့လည်း အဆက်အသွယ်ပြတ်နေတာ ၄ ရက် လောက်ရှိနေပြီလို့ ပြောပါတယ်။

လက်ရှိ တနိုင်းဘက်မှာလည်း တိုက်ပွဲတွေက ရှိနေဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။