တရုတ် နိုင်ငံတော်အတိုင်ပင်ခံနဲ့ သမ္မတဟောင်း ဦးသိန်းစိန် တွေ့ဆုံ
2018.04.23
တရုတ်နိုင်ငံရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ မြန်မာသမ္မတဟောင်း ဦးသိန်းစိန်ကို ပြီးခဲ့တဲ့တနင်္ဂနွေနေ့က တရုတ်နိုင်ငံ၊ ဘေကျင်းမြို့မှာ တွေ့ဆုံခဲ့ကြပြီး တရုတ်မြန်မာ စီးပွားရေး တိုးမြှင့်ဆောင်ရွက်ဖို့ ကိစ္စတွေ ပြောဆိုခဲ့ကြပါတယ်။
နှစ်နိုင်ငံအကြား ပြည့်စုံကျယ်ပျံ့တဲ့နည်းဗျူဟာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်လာတာ မျက်မြင်ဖြစ်သလို တရုတ်နိုင်ငံအနေနဲ့ တရုတ်မြန်မာ စီးပွားရေးလမ်းမကြီး တည်ဆောက်ရေးအတွက် မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင် ရွက်ရေး တွန်းအားပေးလိုကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေအတွက် အားဖြည့်ပူးပေါင်းလိုတဲ့ အကြောင်း နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေးဆီ ဦးတည်သွားနေပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို အထောက် အကူဖြစ်စေတဲ့ အခန်းကဏ္ဍကို ဖော်ဆောင်နေတာကိုမြင်ရတဲ့အတွက် သူ့အနေနဲ့ ဝမ်းမြောက်ဝမ်းသာဖြစ် မိကြောင်းလည်း မစ္စတာ ဝမ်ယီက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဆောင်ရွက်မှု၊ စီးပွားရေးနဲ့လူမှုရေး တိုးတက်အောင်ဆောင်ရွက်မှုတွေမှာ တရုတ်နိုင်ငံက အားထုတ်ကူညီခဲ့တာတွေအတွက် အလေးအနက်အသိအမှတ်ပြုပါကြောင်းနဲ့ နှစ်နိုင်ငံအကြား ပြည့်စုံကျယ်ပြန့်တဲ့ နည်းဗျူဟာပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း