ဒုရဲမှူး မိုးရန်နိုင် ကို ဖမ်းဆီးထိန်းသိမ်းထားမှု မေးမြန်းချက်


2018.04.23

ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ ၁၆(ခ)နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒုတိယရဲမှူး မိုးရန်နိုင် ကို စစ်ဆေးမှုပြီးစီးပြီ ဖြစ်တာကြောင့် သူ့ကိုထိန်းသိမ်းထားတဲ့ အမှတ်(၈) လုံခြုံရေးရဲတပ်ရင်း၊ ရဲအချုပ်မှာ မိသားစုဝင်တွေ တရားဝင် လာရောက်တွေ့ဆုံနိုင်တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးက တာဝန်ရှိသူ ရဲမှူးကြီး မျိုးသူစိုး က ပြောပါတယ်။

ဒုရဲမှူး မိုးရန်နိုင်ကို ရဲတရားရုံးက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ရာမှာ ခွင့်ပြုချက်မရှိဘဲ သတင်းအချက်အလက်တွေ ဖြေဆိုခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်တဲ့အတွက် လက်ရှိမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က အပြစ်ပေးဖို့ သုံးသပ်နေတယ်လို့လည်း ပြောပါတယ်။

ရဲမှူးကြီး မျိုးသူစိုး ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။