0:00 / 0:00
ကချင်ပြည်နယ် နမ္မတီးမြို့ ကဆုန့်ဒေသမှာ ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့လောက်ကစပြီး အစိုးရတပ်မတော်နဲ့ KIA တို့အကြား တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
နမ္မတီးမြို့နယ်ထဲက ကဆုန့်နဲ့ ဆွတ်ယန်ရွာတွေက ဒုက္ခသည် ၈၀၀ လောက်ဟာ ဘေးလွတ်ရာထွက်ပြေးနေကြရပြီး သူတို့ကို နမ္မတီးမြို့ပေါ်က ခရစ်ယာန်ဘုရားကျောင်းတွေမှာ ဒီကနေ့ နေရာချထားပေးလိုက်တယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်က ဒေါက်တာ ဆမ်ဆွန်က ပြောပါတယ်။
ဒေါက်တာ ဆမ်ဆွန်ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။