သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-03-17
ပြီးခဲ့တဲ့ ၁၉၉၄ ခုနှစ်က တပ်မတော်(ရေ) စစ်တန်းလျားဆောက်လုပ်ဖို့အတွက် တာမွေမြို့နယ် မြန်မာ့ ဂုဏ်ရောင်ရပ်ကွက်ကနေ ပြောင်းရွှေ့ပေးခဲ့ရတဲ့ဒေသခံတွေဟာ မူလနေရာကို ပြန်ရရှိဖို့အတွက် ရန်ကုန်မြို့၊ ဗဟန်းမြို့ နယ် တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့နေ့လည်ပိုင်းက သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။
2013-03-17
မန္တလေးတိုင်း၊ ပုလိပ်မြို့နယ်မှာ ရှိတဲ့ ကျေးရွာပေါင်း ၁ဝ ရွာက လယ်ဧက ၂ သိန်းကျော်ကို စစ်တပ်ကနေ သိမ်းယူထားခဲ့တာနဲ့ ပတ်သက်ပြီးတော့ ပြည်သူ့လွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ စုံစမ်းစစ်ဆေးရေးကော်မရှင်နဲ့ တောင်သူ ၂ဝဝ ကျော်တို့ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2013-03-17
အစိုးရကဆောင်ရွက်ပေးဖို့ အားနည်းနေ တဲ့ ကျောက်ပန်းတောင်းမြို့ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်တွေကို အဖြေရှာဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတို့ ပူးပေါင်းပြီး ဒီကနေ့မှာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။
2013-03-17
သြစတြေးလျနိုင်ငံကို ဒီကနေ့ရောက်ရှိ မယ့် မြန်မာသမ္မတ ဦးသိန်းစိန် နဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါ မြန်မာနိင်ငံက လူ့အခွင့်အရေး ကိစ္စတွေကို အဓိကထားဆွေးနွေးပြောကြားဖို့ ဝန်ကြီးချုပ် Julia Gillard ကို သြစတြေးလျမှာရှိတဲ့ မြန်မာ့အရေးဆောင် ရွက်တဲ့အဖွဲ့အစည်း ၁၅ ခုက စုပေါင်းလက်မှတ်ရေးထိုး ပန်ကြားတဲ့ အိတ်ဖွင့်ပေးစာတစောင်ကို ဒီကနေ့မှာ ပေးပို့ လိုက်ပါတယ်။
2013-03-17
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ထားဝယ်ခရိုင် ရေဖြူ မြို့နယ်မှာရှိတဲ့ ဒေသခံတွေနဲ့ ဒီကနေ့မှာတွေ့ဆုံပြီး လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မေးမြန်းခဲ့ ပါတယ်။
2013-03-17
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် ဆန္ဒပြခဲ့ကြတဲ့ သပိတ်စခန်းတွေကို ဒေသခံလူထုက သူတို့သဘောဆန္ဒအရပဲ မနေ့ညက ယာယီ ရုပ်သိမ်းလိုက်ကြပါတယ်။
2013-03-17
ထိုင်းနိုင်ငံတောင်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ကို လေ့လာဖို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ဦးဆောင်တဲ့အဖွဲ့ဟာ ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်ကနေ ထိုင်းနိုင်ငံကို လေကြောင်း ခရီးစဉ်နဲ့ ဒီကနေ့မနက်ပိုင်းက ထွက်ခွာသွားပါတယ်။
2013-03-17
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာ ပါ အကြုံပြုချက်တွေကို တရုတ် ဝမ်ပေါင် ကုမ္ပဏီအနေနဲ့ အလေးထားလိုက်နာဆောင်ရွက်ဖို့ လိုအပ် တယ်လို့ မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ တရုတ်အစိုးရ အာရှပစိဖိတ်ဒေသဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဝမ်ရင်ဖန်း Mr. Wang Yin Fang က ပြောပါတယ်။
2013-03-16
ကချင်နဲ့ ကရင်လူမှုအဖွဲ့အစည်းတွေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီခေါင်းဆောင် ဦးအောင်မင်းက ဒီကနေ့တွေ့ဆုံပွဲမှာ တိုက်တွန်းလိုက်ပါတယ်။
2013-03-16
လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်းအတွက် သိမ်းဆည်းလိုက် တဲ့ မြေယာတွေအတွက် စီမံကိန်း အကောင်အထည်ဖေါ်နေတဲ့ တရုတ် ဝမ်ပေါင်ကုမ္ပဏီက ဒီနေ့ကစပြီး လယ်ယာမြေလျော်ကြေး စတင်ပေးနေရာ မှာ တောင်သူအများစုက သွားမထုတ်ကြဘူးလို့ ဒေသခံတွေ က ပြောပါတယ်။
2013-03-16
အကျဉ်းထောင်အသီးသီးမှာ ကျန်ရှိနေ တဲ့ နိုင်ငံရေးအကျဉ်းသားစာရင်းကို မေလကုန်လောက်မှာ အားလုံးစိစစ်နိုင်တော့မှာဖြစ်တယ်လို့ လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီအဖွဲ့ဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက RFA ကို ပြောပါတယ်။
2013-03-16
ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု တံတားနီအရေးအခင်း ၂၅ နှစ်မြောက် နှစ် ပတ်လည်နေ့ အခမ်းအနားကို ဒီကနေ့ ညနေပိုင်းက အင်း လျားကန်ဘောင်မှာ ကျင်းပခဲ့ပြီး လူဦးရေ ၂၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။
2013-03-16
သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လက်တွဲပြီး ဒီမိုကရေစီစနစ်ကို စတင်အကောင် အထည်ဖော်နေချိန်မှာ ဆန္ဒပြပွဲတွေ၊ ပဋိပက္ခတွေ မဖန်တီးပဲ တိုင်းပြည်ငြိမ်းချမ်းတိုးတက်ရေးအတွက် လက်တွဲဆောင်ရွက်ကြဖို့ သီတဂူဆရာတော် ဒေါက် တာ အရှင်ဉာဏိဿရက ဒီကနေ့ တိုက်တွန်းလိုက် ပါတယ်။
2013-03-16
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာမှာဖေါ်ပြထားတဲ့ စီမံကိန်း ဆက်လက်ဆောင်ရွက်သင့်တယ်ဆိုတဲ့ အကြံပြုချက်ကို သဘောမတူကန့်ကွက်ကြောင်း မုံရွာမြို့ လက်ပံတောင်းတောင် ကယ်တင်ရေးကော်မတီက မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2013-03-16
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နဲ့ပတ်သက်လို့ စုံစမ်းရေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာအပေါ် မြန်မာနိုင်ငံရှေ့နေများကွန်ရက်အဖွဲ့က မနေ့ညနေက သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။