လက်ပံတောင်း အစီရင်ခံစာနဲ့ ပတ်သက်လို့ ရှေ့နေများကွန်ရက် သဘောထားထုတ်ပြန်


2013.03.16

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်လို့ စုံစမ်းရေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာအပေါ် မြန်မာနိုင်ငံရှေ့နေများကွန်ရက်အဖွဲ့က မနေ့ညနေက သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်လို့ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာ ကောင်းမွန်တဲ့အချက်အလက်တွေတွေ့ရသလို၊ ကုမ္ပဏီတွေကြားချုပ်ဆိုတဲ့ စာချုပ်တွေဟာ ဥပဒေနဲ့ မကိုက်ညီတာတွေ တွေ့ရတဲ့အတွက် စီမံကိန်းရပ်သင့်တယ်လို့ ကြေညာချက်မှာ ဖေါ်ပြလိုက်တဲ့အကြောင်း မြန်မာနိုင်ငံရှေ့နေများကွန်ရက်အဖွဲ့က တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

ဒါ့အပြင် ဒီစီမံကိန်းကို နိုင်ငံတကာစီးပွားရေး သဘောတူစာချုပ်စာတမ်းတွေနဲ့ ချုပ်ဆိုထားလို့လိုက်နာရမယ်လို့လည်း တရားသေယူဆစရာ မလိုတဲ့အကြောင်း၊ ဆန္ဒပြပြည်သူနဲ့သံဃာတွေကို မီးလောင်စေတဲ့ ဗုံးလက်နက်ပစ္စည်းသုံးပြီး ဖြိုခွဲခဲ့တဲ့အပေါ် အရေးယူဖို့ အစီရင်ခံစာမှာ မပါတဲ့အတွက် ကန့်ကွက်ကြောင်းနဲ့ မြန်မာနိုင်ငံရှေ့နေများကွန်ရက်အဖွဲ့အနေနဲ့လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် နိုင်ငံတကာဥပဒေတွေနဲ့အညီ ဆက်လက်ကြိုးပမ်းသွားမယ်လို့လည်း ဦးကြီးမြင့်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။