သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-10-23
အထွေထွေ ရွေးကောက်ပွဲပြီးစီးသွား တဲ့နောက်ပိုင်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD နဲ့ ပြည်ထောင်စုကြံ့ု ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP တို့ ပူးပေါင်းလက်တွဲပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေး ဆိုတာ မဖြစ်နိုင်စရာမရှိဘူး လို့ ပြည်ထောင်စုကြံ့ုခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဌ ဦးဌေးဦး က ပြောကြားလိုက်ပါတယ်။
2014-10-23
၂ဝ၁၄ ခုနှစ် ဇူလိုင်လဆန်းက မန္တလေးမြို့ မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းမှာ အစ္စလာမ်အေးရိပ်ငြိမ် သင်္ချိုင်းကို မီးရှို့ဖျက်ဆီးခဲ့ တယ်ဆိုတဲ့စွဲချက်နဲ့ တရားရင်ဆိုင်နေရသူ ၁၅ ဦးကို သင်္ချိုင်းအုပ်ချုပ်မှုကော်မတီက အမှု ပြေငြိမ်း လိုက်ကြောင်း အခမ်းအနားကို မန္တလေးမြို့ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
2014-10-23
လာမယ့် ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲမှာ လွတ်လပ်စွာ သတင်းရယူနိုင်ရေးအတွက် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) နဲ့ ရွေးကောက်ပွဲအဖွဲ့ဝင်တွေ မနေ့က ရန်ကုန်မြို့ ပန်ဒါဟိုတယ်မှာ တွေ့ဆုံခဲ့ကြ ပါတယ်။
2014-10-23
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ရဲ့ လက်ရှိ ပါတီတွင်းလုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးကို RFA ဝိုင်းတော်သား ဦးခင်မောင်စိုးက တွေ့ဆုံမေးမြန်းထားပါတယ်။
2014-10-23
ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မူဆလင်တွေအကြား ပဋိပက္ခတွေဖြစ်ပွားခဲ့တာ ၂ နှစ် ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် နှစ်ဘက်ဒုက္ခသည်တွေရဲ့အခြေအနေဟာ အခုအချိန်အထိ ရပ်တည်ဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။
2014-10-23
မန္တလေးမြို့ ပဋိပက္ခအတွင်း အစ္စလာမ်အေးရိပ်ငြိမ်သင်္ချိုင်းကို မီးရှို့ဖျက်ဆီးခဲ့တယ်ဆိုပြီး တရားစွဲခံထားရသူ ၁၅ ဦးရဲ့ အမှုကို သင်္ချိုင်းအုပ်ချုပ်မှုကော်မတီက ဒီနေ့ ကျေအေးပေး လိုက်ပါတယ်။
2014-10-23
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးဌေးဦးက သူ့အနေနဲ့ သမ္မတတာဝန်ထမ်းဆောင်ဖို့ လက်ရှိအချိန်အထိ ရည်မှန်းခြင်းမရှိကြောင်း ပြောကြားလိုက်ပါတယ်။
2014-10-23
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ (က) နဲ့ (ခ) ကို မပြင်ဆင်သင့်ကြောင်း တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အကြံပြုတင်ပြချက်ဟာ ပြည်သူတွေရဲ့ ဆန္ဒတွေကို မျက်ကွယ်ပြုလိုက်တာသာဖြစ်ကြောင်း၊ အခြေခံဥပဒေကို မပြင်နိုင်ဘူးဆိုရင် နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေကို ထိခိုက်နိုင်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားလိုက်ပါတယ်။
2014-10-23
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်ဟောင်းတွေ စုစည်းဖွဲ့ထားတဲ့ ညီညွှတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့က လူ့အခွင့်ရေး ချိုးဖောက်မှုဆိုင်ရာ စုံစမ်းရေးကော်မတီကို ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။
2014-10-23
ထိုင်းနိုင်ငံ ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦးကို သတ်ဖြတ်တယ် ဆိုပြီး စွပ်စွဲဖမ်းဆီးခံထားရတဲ့ ကိုဝင်းဇော် ထွန်းနဲ့ ကိုဇော်လင်းတို့ရဲ့အမှုကို ထိုင်းရှေ့နေများကောင်စီ က ရှေ့နေ ၁၆ ဦးက လိုက်ပါဆောင်ရွက်ပေးမယ်လို့ မြန်မာ သံရုံးအထူးအဖွဲ့က ပြောပါတယ်။
2014-10-23
သမ္မတ ဦးသိန်းစိန် အစိုးရ ဟာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့ ဆောင်ရွက်နေတယ်ဆိုပေမယ့် လက်တွေ့အကောင်အထည်ဖေါ်ရာမှာ တန်းတူခြင်း၊ တရားမျှတခြင်းမရှိတဲ့အပြင် နောက်ပြန်ဆုတ်တဲ့ လုပ်ဆောင် ချက်တွေ ရှိနေတယ်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ စုဖွဲ့ထားတဲ့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီက ဒီကနေ့ ကြေညာချက် ထုတ်ပြန် ပြောကြားလိုက်ပါတယ်။
2014-10-22
မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေအတွက် ကာစီနို လောင်းကစားရုံတွေ အပါ အဝင် လောင်းကစား လုပ်ငန်းတချို့ တရားဝင်ခွင့်ပြုဖို့ စီစဉ်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောဆိုကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာက ဖေါ်ပြပါတယ်။
2014-10-22
ရခိုင်ပြည်နယ်မှာ မွတ်စလင်တွေကို ဗုဒ္ဓဘာသာဝင်တွေက အကြမ်းဖက် သတ်ဖြတ်ခဲ့ကြတဲ့ကိစ္စမှာ ပြစ်မှုကျူးလွန်သူတွေကို ထိထိရောက်ရောက်ပြတ်ပြတ်သားသား အရေးမယူခဲ့ဘူး ဆိုပြီး အမေရိကန် အစိုးရအပေါ် သြဇာသက်ရောက်မှုရှိတဲ့ CSIS နိုင်ငံတကာလေ့လာရေးနဲ့ မဟာဗျူဟာဌာနကြီး က မြန်မာ အစိုးရကို ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
2014-10-22
ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန် (၂) မှာရှိတဲ့ “ဧရာဝတီ ဆန်နီ” အထည်ချုပ်စက်ရုံက အလုပ် သမား ၇ ရာကျော်ဟာ စက်ရုံက လစာထုတ်ပေးတဲ့ အခါ ကွာဟနေတာတွေကို ဖြေရှင်းပေးဖို့အတွက် ဆန္ဒပြနေကြပါတယ်။
2014-10-22
မန္တလေး ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန် (၁) ထဲမှာရှိတဲ့ “ရွှေသဇင်” ဆပ်ပြာစက်ရုံက ဝန်ထမ်း တရာနီးပါးဟာ လုပ်ငန်းခွင်မှာ ကျန်းမာရေးစောင့်ရှောက်မှု ရှိဖို့နဲ့၊ လူမှုဖူလုံရေး ခံစားခွင့်တွေပေးဖို့ ဒီကနေ့ စက်ရုံရှေ့မှာ ဆန္ဒပြတောင်းဆိုနေကြပါတယ်။