ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရကို ပြစ်တင်ရှုတ်ချ


2014.10.22
rohingya-refugees-305.jpg စစ်တွေမြို့က မွတ်စလင် ဒုက္ခသည်စခန်းပုံ
photo: RFA/ Min Thein Aung

ရခိုင်ပြည်နယ်မှာ မွတ်စလင်တွေကို ဗုဒ္ဓဘာသာဝင်တွေ က အကြမ်းဖက်သတ်ဖြတ်ခဲ့ကြတဲ့ကိစ္စမှာ ပြစ်မှု ကျူး လွန်သူတွေကို ထိထိရောက်ရောက်ပြတ်ပြတ်သားသား အရေးမယူခဲ့ဘူးဆိုပြီး အမေရိကန် အစိုးရအပေါ်  သြဇာသက်ရောက်မှုရှိတဲ့ CSIS နိုင်ငံတကာလေ့ လာရေးနဲ့ မဟာဗျူဟာဌာနကြီးက မြန်မာ အစိုးရ ကို ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

အဲ့ဒီဌာနက အရာရှိတချို့က မြန်မာပြည်ကို ပြီးခဲ့တဲ့ သြဂုတ်လက သွားရောက်လေ့လာခဲ့ပြီးနောက် မနေ့ညနေက ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ကောင်းမွန် တိုးတက်လာတဲ့ အခြေအနေတချို့နဲ့အတူ အခု လို ပြစ်တင်ဝေဖန်မှုပါ ထည့်သွင်းဖေါ်ပြထားတာပါ။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်စဲရေး ပေါ်ထွက်လာမဲ့အလားအလာတွေ၊ ကျန်းမာရေးကဏ္ဍ မှာ တိုးတက်မှုတွေ ရှိလာပုံတွေ၊ စီးပွါရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေကို အကောင်းဘက်က ရှုမြင်ထားပြီး အမေရိကန် အစိုးရအနေနဲ့ ကျန်းမာရေးကဏ္ဍအတွက် ကူညီ ထောက်ပံ့ငွေ နှစ်ဆတိုးပေးဖို့ တိုက်တွန်းထား ပါတယ်။

ရခိုင်ပြည်နယ်အရေးမှာတော့ ၂၀၁၂ ခုနှစ်က မွတ်စလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုကြီးတွေ ဖြစ်ပွါးခဲ့ပြီးနောက် ပိုင်းမှာ ရိုဟင်ဂျာ မွတ်စလင်တွေ ၁၄၀,၀၀၀  ကို သံဆူးကြိုးခတ်ထားတဲ့ စခန်းတွေထဲမှာ ပိတ်ထားပြီးတော့ တင်းမာမှုတွေ ထပ်မံပေါ်လာတော့လည်း အစိုးရက တာဝန်ယူ ဖြေရှင်းပေးမှုမရှိပဲ ခေါင်းရှောင်နေတယ် လို့ ရေးသားဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။