ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌနဲ့ သီးသန့်တွေ့ဆုံမေးမြန်းချက်
2014.10.23
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးဌေးဦးက သူ့အနေနဲ့ သမ္မတတာဝန်ထမ်းဆောင်ဖို့ လက်ရှိအချိန်အထိ ရည်မှန်းခြင်းမရှိကြောင်း ပြောကြားလိုက်ပါတယ်။
ဦးဌေးဦးကို နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်မှာ RFA အဖွဲ့သား ဦးခင်မောင်စိုးက အောက်တိုဘာလ ၂၂ ရက်နေ့က တွေ့ဆုံမေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။