အစ္စလာမ်သင်္ချိုင်း မီးရှို့မှု ပြေငြိမ်းပွဲ
2014.10.23
၂ဝ၁၄ ခုနှစ် ဇူလိုင်လဆန်းက မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းမှာ အစ္စလာမ်အေးရိပ်ငြိမ် သင်္ချိုင်းကို မီးရှို့ဖျက်ဆီးခဲ့တယ်ဆိုတဲ့စွဲချက်နဲ့ တရားရင်ဆိုင်နေရသူ ၁၅ ဦးကို သင်္ချိုင်းအုပ်ချုပ်မှုကော်မတီက အမှု ပြေငြိမ်းလိုက်ကြောင်း အခမ်းအနားကို မန္တလေးမြို့ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။