သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-10-10
မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းမှာ ထင်ရှားတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော (အသက် ၉၃ နှစ်) ဟာ ဒီကနေ့ မနက် ၃ နာရီခွဲလောက်က တရုတ်နိုင်ငံ ကူမင်းမြို့ ဆေးရုံကြီးမှာ ကွယ်လွန်သွားပါတယ်။
2012-10-10
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ ရှိနေကြတဲ့ ရိုဟင်ဂျာ ခေါ် မွတ်စလင် ဘာသာဝင် လူမျိုးစုတွေ ရဲ့ ပြဿနာဟာ ဖြေရှင်းဖို့ ခက်ခဲတယ်ဆိုတာ အသိအမှတ် ပြုထားသော်လည်း၊ သူတို့ရဲ့ အခွင့်အရေးကို ကာကွယ်ပေးကြဖို့ သက်ဆိုင်ရာ အစိုးရတွေကို အမေရိကန် ပြည်ထောင်စုက တိုက်တွန်း လိုက်ပါတယ်။
2012-10-09
ရဲဘော်သုံးကျိပ်အဖွဲ့ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ကိုယ်တိုင်ရေးသားတဲ့ "ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့" အတ္ထုပ္ပတ္တိ ပေါင်းချုပ် စာအုပ်ကို မြန်မာနိုင်ငံမှာ စတင် ဖြန့်ချိပါမယ်။ စာအုပ် မိတ်ဆက်ပွဲ အခမ်းအနားကို ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမမှာ ကျင်းပပါတယ်။
2012-10-09
"သတင်းစာများသည် သမိုင်းကို ပြောနေကြသည်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတစ်ခုကို ရန်ကုန်၊ ပန်းပဲတန်းမြို့နယ် ဗိုလ်ချုပ်လမ်းမှာ ရှိတဲ့ စင်ထရယ်ဟိုတယ်မှာ မနေ့က ကျင်းပခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ ဝါရင့် သတင်းစာဆရာကြီးတွေ ဖြစ်တဲ့ ဟံသာဝတီ ဦးဝင်းတင်နဲ့ ကြေးမုံဦးကိုကိုကြီး တို့က ဦးဆောင် ဆွေးနွေးခဲ့ပါတယ်။
2012-10-09
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင် ပန်းဝါခေါ် ရာမူးမြို့က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေ မီးရှို့ ဖျက်ဆီးခံရတာကို ဆန့်ကျင်တဲ့ အနေနဲ့ မနေ့က ရန်ကုန်မြို့မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့မှာ ဗုဒ္ဓဘာသာ သံဃာတော်တွေ အပါအဝင် လူ ၁ ထောင်ကျော် စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။
2012-10-09
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ စတင်ဖွဲ့စည်းခဲ့တဲ့ မျိုးဆက်သစ်လူငယ်များ (Generation Wave) အဖွဲ့ရဲ့ ၅ နှစ်ပြည့် မွေးနေ့ အခမ်းအနားကို မရမ်းကုန်းမြို့နယ်မှာရှိတဲ့ သမိုင်းမြို့မ ပရိယတ္တိစာသင်တိုက်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
2012-10-09
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည်ဖော်တာကို သေဆုံးသွားတဲ့ ဒေသခံဘိုးဘွားတွေတောင် ဝိညာဉ်ဘဝနဲ့ လက်မခံပါဘူးဆိုပြီး ဝိညာဉ် ကြွေးကြော်သံ ခေါင်းစဉ်နဲ့ ကျေးရွာ(၂၆) ရွာက ဒေသခံ (၁၀၀၀) ကျော်ပါဝင်တဲ့ ငိုကြွေးပွဲ လှုပ်ရှားမှုတစ်ခု ဆည်တဲကျေးရွာရဲ့ သင်္ချိုင်းကုန်းမှာ ဒီကနေ့ ညနေပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။
2012-10-09
နေပြည်တော် မြို့တော် စီမံကိန်း အတွက် အေးရှားဝေါလ် ကုမ္ပဏီက ကန်ထရိုက် တာဝန်ယူပြီး တည်ဆောက်ခဲ့ရာမှာ တဆင့်ခံ ကန်ထရိုက်ယူပြီး ပါဝင်ခဲ့တဲ့ တိုင်းရင်းသား လုပ်ငန်းရှင် ဆောက်လုပ်ရေး ကုမ္ပဏီတွေက သူတို့ရဖို့ ကျန်ရှိနေသေးတဲ့ လုပ်အားခတွေနဲ့ ပစ္စည်းတန်ဖိုးငွေတွေ ပေးဖို့ အေးရှားဝေါလ် ကုမ္ပဏီကို တောင်းဆိုလိုက်ကြပါတယ်။
2012-10-09
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ OIC ခေါ် ကမ္ဘာ့မွတ်စလင် ဘာသာဝင်နိုင်ငံများ အဖွဲ့ချုပ်က ရုံးခန်းဖွင့်လှစ်မှာကို ကန့်ကွက်တဲ့ အနေနဲ့ သံဃာတော် အပါး ၅၀၀ ခန့်ဟာ ဒီကနေ့ စစ်တွေမြို့က ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
2012-10-09
ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ (UNA) အပါအဝင် တောင်သူလယ်သမား အရေး နဲ့ လယ်ယာမြေအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက အစိုးရ အနေနဲ့ မြေလွတ်မြေရိုင်း နည်းဥပဒေတွေ အမြန်ဆုံး ပြဋ္ဌာန်းပေးဖို့ ဒီကနေ့ တောင်းဆိုလိုက်ကြပါတယ်။
2012-10-08
၂ဝ၁၂ အောက်တိုဘာလ ၄ ရက်နေ့ညက အမေရိကန် ပြည်ထောင်စု ခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေ ကြိုဆိုနေကြပုံတွေကို ရိုက်ကူးတင်ပြထားပါတယ်။
2012-10-08
၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့က လော့စ်အိန်ဂျလိစ်မြို့မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ အမေရိကန် ပြည်ထောင်စုအနောက်ဖက်ခြမ်းက မြန်မာတွေ တွေ့ဆုံခဲ့ကြပါတယ်။ ဒီတွေ့ဆုံပွဲကို သတင်းသွားရောက်ယူခဲ့တဲ့ အာရ်အက်ဖ်အေ ကိုနေရိန်ကျော်က သတင်းပေးပို့ပါတယ်။
2012-10-08
အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေတဲ့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းကို မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနဲ့ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ကိစ္စတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရ ဆက်ဆံရေး၊ တိုင်းရင်းသားဒေသ ဖွံ့ဖြိုးတိုးတက်ရေး စတာတွေနဲ့ ပတ်သက်ပြီး ဦးခင်မောင်စိုးက မေးမြန်းထားပါတယ်။
2012-10-08
ချင်းအမျိုးသားပါတီ (CNP) နဲ့ ချင်းတိုးတက်ရေးပါတီ (CPP) တို့ ပူးပေါင်းပြီး ချင်းအမျိုးသား တိုးတက်ရေးပါတီ (Chin National progressive Party, CNPP) ထူထောင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်လို့ သိရပါတယ်။
2012-10-08
မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ် Mr.H.E.Dr.Ahmad Faifal နဲ့ မလေးရှားနိုင်ငံက အလှူရှင်တွေ ပါဝင်တဲ့ အဖွဲ့ဟာ အောက်တိုဘာလ ၇ ရက်နေ့မှာ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိလာပြီး ဒီကနေ့မှာတော့ ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပါတယ်။