ဗိုလ်မှူးချုပ် ကျော်ဇော အတ္ထုပ္ပတ္တိစာအုပ် မြန်မာပြည်တွင်ဖြန့်ချိ
ရဲဘော်သုံးကျိပ်အဖွဲ့ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ကိုယ်တိုင်ရေးသားတဲ့ "ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့" အတ္ထုပ္ပတ္တိ ပေါင်းချုပ် စာအုပ်ကို မြန်မာနိုင်ငံမှာ စတင် ဖြန့်ချိပါမယ်။ စာအုပ် မိတ်ဆက်ပွဲ အခမ်းအနားကို ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမမှာ ကျင်းပပါတယ်။