သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-01-25
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA သဘောတူစာချုပ်မှာ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ ပါဝင်လက်မှတ်ရေးထိုးတော့မှာ ဖြစ်ပါတယ်။
2018-01-24
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖေါ်ဆောင်ရွက်ရေး ကော်မတီရဲ့ အကြံပေးအဖွဲ့ဝင် အဖြစ်ကနေ နုတ်ထွက်ကြောင်း အမေရိကန် ဝန်ကြီးဟောင်း Bill Richardson ဘီလ် ရစ်ချတ်ဆင် က ဗုဒ္ဓဟူးနေ့ မနေ့က ရုတ်တရက်ကြေညာလိုက်ပါတယ်။
2018-01-24
အိန္ဒိယနိုင်ငံကိုရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာ မိုဒီက ဗုဒ္ဓဟူးနေ့ မနေ့က တွေ့ဆုံပြီး ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးခဲ့ပါတယ်။
2018-01-24
ဘင်္ဂလားဒေ့ရှ်က ပြန်လာမယ့်ရိုဟင်ဂျာတွေကိုထားမယ့် အိမ်ရာတွေဆီ ကုလသမဂ္ဂအေဂျင်စီတွေ ကို လွတ်လွတ်လပ်လပ်သွားလာ ကူညီခွင့်ပေးဖို့ မြန်မာအစိုးရကို ကုလသမဂ္ဂက ဒီနေ့တောင်းဆို လိုက်ပါတယ်။
2018-01-24
လူသေဆုံးမှုတွေရှိခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ဦးက အဓိကရုဏ်းကို ပညာရှင်တွေပါဝင်တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုကော်မရှင်ဖွဲ့ပြီး ဆောင်ရွက်မှသာ အဖြစ်မှန်ကိုဖော်ထုတ်နိုင်မှာဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ANP တာဝန်ရှိသူက ပြောပါတယ်။
2018-01-24
အစိုးရဘတ်ဂျက်မှာ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍနှစ်ရပ်အတွက် သုံးခွင့်ရထားတဲ့ဘတ်ဂျက်က ကာကွယ်ရေးဘတ်ဂျက်ထက် နည်းနေတဲ့အတွက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ပညာရေးဘတ်ဂျက် ကို ၁၅ ရာခိုင်နှုန်းထိသတ်မှတ်ပေးဖို့ တောင်းဆိုတာလို့ မန္တလေး ရတနာပုံတက္ကသိုလ်ထဲမှာ ဆန္ဒပြတောင်းဆိုနေတဲ့ ဗကသများအဖွဲ့ချုပ် ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေက ပြောပါတယ်။
2018-01-24
အဆင့်မြင့်ပညာရေးဥပဒေမူကြမ်းကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလထဲမှာ ထုတ်ပြန်ခဲ့ပြီး အဲဒီမူကြမ်းကို လွှတ်တော်ထဲမှာ ဆွေးနွေးကြဦးမှာဖြစ်ပါတယ်။
2018-01-24
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့က ရပ်ဆိုင်းထားတဲ့ ကျောက်ဖျာမြို့သစ် စီမံကိန်းအတွက် သိမ်းယူထားတဲ့ မြေယာတွေကို ပြန်လည်စွန့်လွှတ်ပေးဖို့ အစီအစဉ်မရှိဘဲ လုပ်ငန်းရှင်တွေပါဝင်တဲ့ မြို့သစ် အကောင်ထည်ဖော်ရေးကေ်ာမတီကို ဖွဲ့စည်းထားပြီး မြို့သစ်ကို ဆက်လက် အကောင်ထည်ဖော်သွားမယ်လို့ တနင်္သာရီတိုင်း အစိုးရအဖွဲ့ဝင် စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်း က ဒီနေ့ တိုင်းလွှတ်တော်အစည်းအဝေးမှာ ဖြေကြားခဲ့ပါတယ်။
2018-01-24
တစ်နှစ်ကျော်အတွင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ထူထူထောင်ထောင်ဖြစ် လာအောင် ကိုင်တွယ်နိုင်ခဲ့တယ်လို့ ပါတီဥက္ကဌ ဦးသန်းဌေး က ဒီနေ့ ပြောပါတယ်။
2018-01-24
ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ၆လ ကြိုတင် ထုတ်ပြန်ကြေညာပေးဖို့နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) အနေနဲ့ ပွင့်လင်းမြင်သာစွာ လုပ်ကိုင်ဖို့ အရပ်ဖက်အဖွဲ့တွေက တိုက်တွန်း ပြောကြားလိုက်ပါတယ်။
2018-01-24
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြန်လာမယ့်သူတွေကို လက်ခံမယ့် လုပ်ငန်းစဉ်ကို ပြည်ထောင်စုကြံ့ ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီက စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းပြီး စောင့်ကြည့်သွားမယ်လို့ ပါတီပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် က ဒီနေ့ ပြောပါတယ်။
2018-01-24
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ ပြီးခဲ့တဲ့ အပတ်က ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြသူ ၇ ဦးကို သေဆုံးစေခဲ့တဲ့ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ အမြဲတမ်းအတွင်းဝန် ဦးဆောင်တဲ့ စစ်ဆေးရေး အဖွဲ့ဟာ ဒီကနေ့ မြောက်ဦးမြို့မှာ ကွင်းဆင်း စစ်ဆေးခဲ့တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပြောပါတယ်။
2018-01-23
မြောက်ဦး အရေးအခင်းမှာ ဒဏ်ရာရလို့ စစ်တွေမှာ ဆေးကုနေရတဲ့ လူငယ် ၈ ယောက်ကို ဆေးရုံ အချုပ်ဆောင်ထဲ ပို့လိုက်တာဟာ သူတို့ကို အရေးယူမှာဖြစ် သလို၊ မြောက်ဦးဆေးရုံမှာ တက်နေတဲ့ ၄ ယောက် ထွက်ပြေးသွားတဲ့အတွက် ရဲအရာရှိတချို့ အရေးယူခံလိုက်ရလို့လည်း ဖြစ်တယ်လို့ သိရပါတယ်။
2018-01-23
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေအတွင်း သေနတ်ကျည်ဒဏ်ရာတွေကြောင့် စစ်တွေဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရသူ ၈ ဦးကို ရဲတပ်ဖွဲ့က ဒီနေ့ မနက်မှာ ဖမ်းဆီးလိုက်ပြီး ဆေးရုံအချုပ်လူနာဆောင်ကို ပို့ဆောင်လိုက်ပါတယ်။
2018-01-23
မော်ရိုကိုနိုင်ငံဟာ တချိန်တခါကဆိုရင် မြောက် အာဖရိကက ပလတ်စတစ်အိတ်အများဆုံး သုံးတဲ့နိုင်ငံဖြစ်ပြီး အခုဆို ပလတ်စတစ် အမှိုက်ကင်းစင်ရေး ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်နေ ပါတယ်။