ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယနဲ့ ပိုမိုပူးပေါင်းဖို့ မိုဒီ ပြောကြား


2018.01.24
dassk-modi-india-622.jpg ဒေါ်အောင်ဆန်းစုကြည်နဲ့ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာ မိုဒီ တို့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က တွေ့ဆုံကြစဉ်
Photo: Narendra Modi Twitter

အိန္ဒိယနိုင်ငံကိုရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာ မိုဒီက ဗုဒ္ဓဟူးနေ့ မနေ့က တွေ့ဆုံပြီး ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးခဲ့ပါတယ်။

နယူးဒေလီမြို့မှာ ဒီကနေ့စတင်မယ့် အိန္ဒိယနဲ့ အာဆီယံအဖွဲ့ ဆက်ဆံရေး ၂၅ နှစ်ပြည့် အထိမ်းအမှတ် ထိပ်သီးညီလာခံမှာ တရုတ်နိုင်ငံရဲ့ ဒေသအတွင်း သြဇာလွှမ်းတာကို တုံ့ပြန်မှုအဖြစ် အဲဒီ ၁ဝ နိုင်ငံနဲ့ စီးပွားရေး၊ နိုင်ငံရေးအရ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ အိန္ဒိယက ကြိုးစားမှာဖြစ်ပါတယ်။

ဝန်ကြီးချုပ် မိုဒီဟာ ဒေါ်အောင်ဆန်းစုကြည်အပြင် တခြားအာဆီယံ ခေါင်းဆောင်တွေနဲ့လည်း သီးခြားတွေ့ဆုံပြီး ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ လုံခြုံရေးပြဿနာတွေကို ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။


မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။