USDP ဥက္ကဌ ပါတီဝင် အမျိုးသမီးတွေနဲ့ တေ့ွဆုံ


2018.01.24
thanhtay-usdp-622.jpg ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေး မန္တလေးတိုင်း ပါတီဝင် အမျိုးသမီးတွေနဲ့ ၂၁၀၈ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့က တွေ့ဆုံစဉ်
Photo: Khaymani Win/ RFA

တစ်နှစ်ကျော်အတွင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ထူထူထောင်ထောင်ဖြစ်လာအောင် ကိုင်တွယ်နိုင်ခဲ့တယ်လို့ ပါတီ ဥက္ကဌ ဦးသန်းဌေး က ဒီနေ့ ပြောပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ဥက္ကဌ ဦးသန်းဌေးဟာ မန္တလေးတိုင်း ပါတီဝင် အမျိုးသမီးတွေနဲ့ ဒီနေ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ အမျိုးသမီးတွေကို ဗဟိုအလုပ်မှုဆောင်အဖြစ် အဆင့်တိုးမြင့်ပေးဖို့လည်း စီစဉ်ထားတာကြောင့် ပါတီဌာနချုုပ်မှာ တာဝန်ထမ်းဆောင်နိုင်မယ်ဆိုရင် တာဝန်ပေးအပ်သွား ဖို့ရှိတယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ပါတီဝင် အမျိုးသမီးတွေအနေနဲ့  မြန်မာအမျိုးသမီးတွေရဲ့ ဂုဏ်ကိုထိန်းဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

လက်ရှိမှာ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီမှာ ပါတီဝင်အင်အား ငါးသန်းကျော်ရှိပြီး တစ်နှစ်ကျော်ကလအတွင်းမှာ ပါတီဝင် တစ်သောင်းကျော် တိုးလာခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။