လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်ဖွဲ့စည်း ဖော်ထုတ်ဖို့ ANP တောင်းဆို
2018.01.24
လူသေဆုံးမှုတွေရှိခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ဦးက အဓိကရုဏ်းကို ပညာရှင်တွေပါဝင်တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုကော်မရှင်ဖွဲ့ပြီး ဆောင်ရွက်မှသာ အဖြစ်မှန်ကိုဖော်ထုတ်နိုင်မှာဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ANP တာဝန်ရှိသူက ပြောပါတယ်။ မြောက်ဦးဖြစ်စဉ်ကို ပြည်ထောင်စုအဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့က ဒီကနေ့ ကွင်းဆင်းစစ်ဆေးမှုနဲ့ အဲဒီအဓိကရုဏ်းက ဒဏ်ရာရပြီး ဆေးကုသခံနေသူတွေ ဖမ်းဆီးခံရတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ANP ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။