ရိုဟင်ဂျာတွေဆီ အကန့်အသတ်မရှိ ဝင်ထွက်သွားလာခွင့် ကုလသမဂ္ဂတောင်းဆို


2018.01.24
maungtaw-station-622.jpg တောင်ပြိုလက်ဝဲက လက်ခံရေးစခန်းကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ဘင်္ဂလားဒေ့ရှ်က ပြန်လာမယ့်ရိုဟင်ဂျာတွေကိုထားမယ့် အိမ်ရာတွေဆီ ကုလသမဂ္ဂအေဂျင်စီတွေကို လွတ်လွတ် လပ်လပ် သွားလာကူညီခွင့်ပေးဖို့ မြန်မာအစိုးရကို ကုလသမဂ္ဂက ဒီနေ့တောင်းဆိုလိုက်ပါတယ်။

မောင်တောအရေးနဲ့ပတ်သက်လို့ နိုင်ငံတကာအကြံပေးအဖွဲ့က တောင်ပြိုလက်ဝဲစခန်းကို သွားရောက်ကြည့်ရှု ခဲ့ကြပါတယ်။ ဗီဒီယိုမှတ်တမ်းတွေအရ အဲဒီမှာ သံဆူးကြိုးတွေနဲ့ ခြံခတ်ထားတဲ့ ပျဉ်ထောင်အိမ်တန်း လျားတွေ တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒုက္ခသည်တွေအတွက် လိုအပ်တဲ့လုံခြုံရေးအစီအမံတွေ မတွေ့ရသေးဘူးလို့ ကုလသမဂ္ဂက ပြောပါတယ်။ လုံခြုံရေးနဲ့ ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် မြန်မာအစိုးရက အာမခံချက်ပေးနိုင်ရမယ်လို့ ကုလသမဂ္ဂ ယူနီဆက်အဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး Justin Forsyth က ပြောပါတယ်။

အဲဒီမှာ အကူအညီတွေပေးမယ့်အဖွဲ့တွေ၊ သတင်းမီဒီယာတွေနဲ့ တခြားလွတ်လပ်တဲ့အဖွဲ့တွေကို ပိတ်ပင်ကန့်သတ် ချက်တွေ ဆက်ရှိနေသေးတယ်လို့လည်း UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြော ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။