စစ်တွေဆေးရုံမှာ ဆေးကုသနေတဲ့ လူ ၈ ဦးကို ဖမ်းဆီးလိုက်
2018.01.23
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေအတွင်း သေနတ်ကျည်ဒဏ်ရာတွေကြောင့် စစ်တွေဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရသူ ၈ ဦးကို ရဲတပ်ဖွဲ့က ဒီနေ့ မနက်မှာ ဖမ်းဆီးလိုက်ပြီး ဆေးရုံအချုပ်လူနာဆောင်ကို ပို့ဆောင်လိုက်ပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာပါဝင်တဲ့ ကိုဦးသန်းဇော်ရဲ့ဖခင်ဖြစ်သူ ဦးအေးမောင်သိန်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် က တွေ့ဆုံမေးမြန်းထားပါတယ်။