ရခိုင်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ USDP ဖွဲ့စည်းမည်


2018.01.24
dr-nandarhlamyint-622.jpg ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကို စက်တင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်
Photo: Htet Arker/ RFA

ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြန်လာမယ့်သူတွေကို လက်ခံမယ့် လုပ်ငန်းစဉ်ကို ပြည်ထောင်စုကြံ့ ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီက စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းပြီး စောင့်ကြည့်သွားမယ်လို့ ပါတီပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် က ဒီနေ့ ပြောပါတယ်။

ရခိုင်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ကို မကြာခင် ဖွဲ့စည်းသွားမယ်လို့ ဒေါက်တာနန္ဒာလှမြင့် က ပြောပါတယ်။

"ရခိုင်အရေးနဲ့ ပတ်သက်ပြီး ကျနော်တို့ တောက်လျှောက်ဆွေးနွေးပွဲတွေလုပ်တယ်၊ လုပ်ပြီးတဲ့အခါ အစိုးရကို အကြံပြုနေတာတွေကို မီဒီယာတွေ လေ့လာကြည့်ရင်တွေ့လိမ့်မယ်၊ အခုလည်း စိစစ်လက်ခံမယ့်လုပ်ငန်းစဉ်တွေ လာတော့မယ်၊ ကျနော်တို့ပါတီအနေနဲ့ ရခိုင်မှာ ဒီလူတွေ စိစစ်လက်ခံပြီးတော့မှ နိုင်ငံသားအဖြစ် ဆောင်ရွက်မယ့် ကိစ္စတွေကို အနီးကပ်ကြီးကြပ်စောင့်ကြည့်ပြီးတော့ အစိုးရကို အကြံပြုထောက်ပြသွားဖို့အတွက် ရခိုင်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ မကြာခင်ဖွဲ့ဖို့ရှိတယ်၊ နယ်မြေမှာ တစိုက်မတ်မတ်စောင့်ကြည့်ပြီးတော့ ဥပဒေနဲ့ အညီ ဆောင်ရွက်သွားဖို့အတွက်ကို ကျနော်တို့ကဆောင်ရွက်ပေးမယ်"

အဲဒီအဖွဲ့မှာ ဒေသခံရပ်မိရပ်ဖတွေ၊ ပါတီဝင်တွေနဲ့ အတွေ့အကြုံရှိတဲ့ ပါတီဝင်တွေ ပါဝင်သွား မှာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံကို ပြန်လာမယ့် ဒုက္ခသည်တွေကို မြန်မာအစိုးရဘက်က လက်ခံဖို့အဆင်သင့်ဖြစ်နေပြီး ပြန်လည်လက်ခံမယ့် အရေအတွက်ကိုတော့ ကန့်သတ်ထားတာမရှိဘူးလို့ ပြောထားပါတယ်။

ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွေကို မနေ့က စတင်နေပြီဖြစ်ပြီး ဒီနေ့ ဒုတိယမြောက်နေ့အထိ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ပြန်လာသူတွေ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။