သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-08-31
စစ်တပ်မှာ ထောင်နဲ့ချီတဲ့ စစ်သည်အင်အားနဲ့ ရုရှားက ထောက်ပံ့ထားတဲ့ လက်နက်အင်အား ရှိပေမယ့် အာဏာရယူနိုင်စွမ်းမရှိဘဲ ဖြစ်နေပါတယ်။ ဒါဟာမြန်မာပြည်သူတွေအတွက် အားတက်ဖွယ်ရာဖြစ်ကြောင်းလည်း သတင်းမှာဖော်ပြပါတယ်။
2022-08-31
တန်ခါလီ ဒုက္ခသည်စခန်းက ကိုခင်မောင်ကတော့ အဲဒီနေ့က တွေ့ဆုံမှုဟာ ကျေနပ်လောက်တဲ့အဆင့်မရှိသေးပေမယ့်၊ ရိုဟင်ဂျာဒုက္ခသည်တွေကို လေးလေးစားစား တွေ့ဆုံခဲ့တဲ့အတွက် NUG အစိုးရအဖွဲ့ဝင်တွေကို ကျေးဇူးတင်တယ်လို့ ပြောပါတယ်။
2022-08-31
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မြောက်ပိုင်းမှာ ဩဂုတ်လ ၃၀ ရက် မနေ့ညက စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး အနီးအနား ကျေးရွာ ၁၀ ရွာ ကျော်က ဒေသခံ ငါးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-08-31
အာဏာသိမ်း ၁၈ လကျော်အကြာမှာ ပြည်တွင်း စက်သုံးဆီဈေးနှုန်းတွေဟာ တစ်လီတာကို ကျပ် ၃၂၀၀ ကျော်အထိ မြင့်တက်နေပြီး ပြီးခဲ့တဲ့ ၂၀၂၁ စက်တင်ဘာကစလို့ စက်သုံးဆီ မလုံလောက်မှု ပြဿနာကို အကြီးအကျယ် ကြုံတွေ့နေကြရပါတယ်။
2022-08-30
မြန်မာ့နိုင်ငံရေး အကျပ်အတည်းမှာ တရုတ်ရဲ့အခန်းကဏ္ဍ ၅၄ ရာခိုင်နှုန်း ရှိနေတဲ့အတွက် အပြုသဘော လုံးလုံးမဆောင်ဘူးလို့ ရှုမြင်ကြသလို အနည်းနဲ့အများ အပြုသဘောဆောင်ကြောင်း မှတ်ချက်ပြုသူ ၄၀ ရာခိုင်နှုန်း ရှိကြောင်းလည်း တွေ့ရပါတယ်။
2022-08-30
အမေရိကန်အစိုးရရဲ့ မြန်မာ့အရေး လုပ်ဆောင်ချက်တွေဟာ ဒီမိုကရေစီအရေး အားပေးကူညီမှုအပြင် အင်အားကြီးထွားလာနေတဲ့ တရုတ်နိုင်ငံကို မဟာဗျူဟာကျကျ ထိန်းချုပ်နိုင်ဖို့လည်း ရည်ရွယ်တယ်လို့ လေ့လာသုံးသပ်မှုတွေ ရှိနေပါတယ်။
2022-08-30
အာဏာသိမ်း ၁၈ လကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ လူနေအိမ် သုံးသောင်းနီးပါး မီးရှို့ဖျက်ဆီးခံရတာဟာ စစ်ရာဇဝတ်မှု မြောက်တာကြောင့် ကျူးလွန်သူတွေကို အရေးယူနိုင်ဖို့ ကြိုးစားနေတယ်လို့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။
2022-08-30
ချင်းပြည်နယ် မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ထန်တလန်နဲ့ ပလက်ဝမြို့နယ်တွေမှာ ချင်းဒေသကာကွယ်ရေး အဖွဲ့တွေနဲ့ပတ်သက်လို့ စစ်ကောင်စီက လမ်းတွေမှာ စစ်ဆေးကန့်သတ်နေတဲ့ အပြင် ကုန်ဈေးနှုန်း မြင့်တက်တဲ့ အတွက် အခက်ကြုံနေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။
2022-08-29
နိုင်ငံအနှံ့အပြားမှာ ဒေသခံပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုတွေကို လေကြောင်းအကူအညီနဲ့ တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ပိုမိုထိရောက်စွာ ပြန်လည်ရင်ဆိုင်ရေးအတွက် အထူးစီမံချက်တစ်ခုဖြစ်တယ်လို့ NUG အသိုင်းအဝိုင်းက ပြောပါတယ်။
2022-08-29
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဩဂုတ်လ ၁၉ ရက်နေ့က အစိုးရအဖွဲ့ကို ပြောင်းလဲ ဖွဲ့စည်းလိုက်တာဟာ ပြည်သူလူထု အကျိုးအတွက် အဓိက မဟုတ်ဘဲ အာဏာဆက်လက်တည်မြဲရေးအတွက် သာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။ အာဏာသိမ်းပြီးနောက် ၁၈ လကျော်အကြာမှာ စစ်ကောင်စီက နိုင်ငံတော်ဗဟိုဘဏ်နဲ့ အရေးကြီး ဝန်ကြီးဌာနတွေက ရာထူးနေရာအချို့ကို ပိုခိုင်မာပြီး အားကောင်းအောင် ပထမဆုံးအကြိမ် အပြောင်းအလဲ လုပ်ခဲ့တာပါ။
2022-08-29
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ဩဂုတ်လ ၂၈ ရက် မနေ့က တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်ရင်းက လက်နက်ကြီး ပစ်ခတ်တာကြောင့် ကလေးတစ်ဦးအပါအဝင် အရပ်သားသုံးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2022-08-29
မြန်မာနိုင်ငံမှာ ကျပ်ငွေတန်ဖိုး တဖြည်းဖြည်းကျဆင်းလာနေပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က ပြင်ပငွေကြေး ဈေးကွက်မှာ အမေရိကန် တစ်ဒေါ်လာ ၁၃၃၀ ကျပ်၊ ရွှေတစ်ကျပ်သား ၁၃ သိန်းကျပ် ရှိခဲ့ရာကနေ အခု ဩဂုတ်လ ၂၉ ရက် ဒီနေ့မှာတော့ အမေရိကန်တစ်ဒေါ်လာကို ၃၁၀၀ ကျပ်ဝန်းကျင်နဲ့ ရွှေတစ်ကျပ်သားကို ၂၈ သိန်းနဲ့အထက်မှာ ရှိလာနေပါတယ်။
2022-08-28
ပဲခူးတိုင်း အနောက်ခြမ်း သာယာဝတီခရိုင်ထဲက ကြို့ပင်ကောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စခန်းတစ်ခု ပြီးခဲ့တဲ့ရက်ပိုင်းက ဝင်ရောက်စီးနင်းခံရတာကြောင့် ကာကွယ်ရေးအဖွဲ့ဝင်တွေနဲ့အတူ စခန်းမှာရောက်နေတဲ့ ဒေသခံတွေ အပါအဝင် ၁၉ ဦး အဖမ်းခံရသလို လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းခံလိုက်ရပါတယ်။ အဖမ်းခံလိုက်ရတဲ့အထဲမှာ အသက်မပြည့်သေးတဲ့ ရှစ်နှစ်အရွယ် ကလေးတစ်ဦးနဲ့ အသက် ၆၀ ကျော်အရွယ် သက်ကြီးရွယ်အိုတွေပါ ပါဝင်ပြီး အဆက်သွယ်မရဘဲ ပျောက်နေသူတွေလည်း ရှိတယ်လို့ ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) ဘက်က ပြောပါတယ်။
2022-08-28
အာဏာရှင်တွေသက်ဆိုးရှည်ဖို့ တူရာတွေစုတဲ့အခါ အားကြီးတဲ့ ရုရှားက အာဏာရှင်နိုင်ငံတွေနောက်က ရပ်တည်နေပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးစကတည်းက ရုရှား-မြန်မာ ဆက်ဆံရေးစတင်လာပေမယ့် အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်ကမှ ရုရှား-မြန်မာ စစ်ရေးစတင်ဆက်ဆံလာပြီး ခုစစ်ခေါင်းဆောင်လက်ထက်မှာ ပိုအားကောင်းလာတဲ့အကြောင်း တင်ပြထားပါတယ်။
2022-08-27
စစ်တပ်အာဏာသိမ်းမှု တစ်နှစ်ခွဲကျော်ကြာလာတဲ့အထိ လက်နက်ကိုင်ဆန့်ကျင် တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တဲ့ ကယား (ကရင်နီ) ပြည်နယ်ထဲက ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်မှာ စစ်ဘေးဒုက္ခသည် တစ်သိန်းခွဲဝန်းကျင်ရှိနေပြီး သူတို့ဟာ စားနပ်ရိက္ခာ မလုံလောက်မှု ပြဿနာနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။