သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-10-31
အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ရုံးခန်းတွေ အကြမ်းဖက်တိုက်ခိုက် ခံရမှုတွေ ရန်ကုန်၊မန္တလေး အပါအဝင် တစ်မြို့ပြီး တစ်မြို့မှာ ဆက်တိုက်ဆိုသလို ဖြစ်လာနေပါတယ်။
2021-10-29
တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တရုတ်က ကိုဗစ်ရောဂါ အကြောင်းပြချက်နဲ့ နယ်စပ်စည်းရိုးတွေ အလျင်အမြန်ကာရံနေပြီး မြန်မာပိုင်နက်ရွာတွေအထိ ကျူးကျော်နေတာကြောင့် ကျေးရွာသားတွေနဲ့ တရုတ်နယ်စပ်အာဏာပိုင်တွေကြားမှာ မကြာခဏ နယ်မြေအငြင်းပွားမှုတွေ ဖြစ်နေပါတယ်။
2021-10-29
စစ်ကောင်စီက နိုဝင်ဘာ ၁ ရက်ကစပြီး မြို့နယ် ၄၆ ခုကလွဲပြီး နိုင်ငံတစ်ဝှမ်းက အခြေခံပညာစာသင်ကျောင်းတွေကို ပြန်ဖွင့်မယ်လို့ အောက်တိုဘာ ၂၈ ရက်နေ့က ကြေညာခဲ့ပါတယ်။ ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့မှုတွေရှိနေသလို ဗုံးပေါက်ကွဲမှုတွေနဲ့ လက်နက်ကိုင်တော်လှန်မှုတွေ ရှိနေချိန်မှာ အခုလို ကျောင်းတွေပြန်ဖွင့်မယ့်အပေါ် ကျောင်းသားတွေရဲ့ လုံခြုံမှုနဲ့ ပတ်သက်လို့ စိုးရိမ်နေကြပါတယ်။
2021-10-29
တိုင်းရင်းသားအခွင့်အရေးတွေကို အာမခံချက်ပေးနိုင်မယ့် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာဖို့ အစိုးရ၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အကြား ဆွေးနွေးအဖြေရှာခဲ့ပေမယ့် အဆုံးသတ်မှာတော့ စစ်တပ်အာဏာသိမ်းမှုနဲ့ ကြုံလိုက်ရတာကြောင့် ဆွေးနွေးရေးနည်းလမ်းဟောင်းတွေကို စွန့်လွှတ်ပြီး ပိုထိရောက်တဲ့ နည်းလမ်းသစ်ကို ရှာဖွေနေတယ်လို့ အပစ်ရပ် အဖွဲ့အစည်းတွေက RFA ကိုပြောပါတယ်။
2021-10-28
မနေ့က ပြီးဆုံးသွားတဲ့ အာဆီယံထိပ်သီး ညီလာခံမှာ စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံက တက်ရောက်မှု မရှိခဲ့တာကလွဲရင်၊ ညီလာခံနဲ့ ဆက်စပ် အစည်းအဝေးတွေအားလုံးကို ပုံမှန်အတိုင်းပဲ ကျင်းပနိုင်ခဲ့တယ်လို့ ကျွမ်းကျင် သူတွေက ပြောပါတယ်။ အခုနှစ်မှာ အာဆီယံထိပ်သီးညီလာခံနဲ့အတူ မိတ်ဖက်နိုင်ငံတွေနဲ့ သီးခြား ထိပ်သီး ညီလာခံတွေ ကျင်းပခဲ့ပြီး အရေးပါတဲ့ သဘောတူညီချက်အချို့ကိုလည်း ချမှတ်နိုင်ခဲ့တာ တွေ့ရပါတယ်။
2021-10-28
ချင်းပြည်နယ် ထန်တလန်နဲ့ ဖလမ်းမြို့နယ်တွေမှာ ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလအတွင်း ဘုရားကျောင်းတစ်ကျောင်းနဲ့ နေအိမ် ၆၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
2021-10-28
စစ်တပ်အာဏာသိမ်းပြီး ကိုးလ နီးပါးကြာချိန်မှာ နိုင်ငံတကာက စစ်ကောင်စီကို အလေးထား ဖိအားပေး လုပ်ဆောင်နေသလို အာဆီယံအဖွဲ့ဝင်ဖြစ်တဲ့ မြန်မာနိုင်ငံကို အာဆီယံရဲ့ အရေးယူမှုတွေလည်း ရှိနေပါတယ်။
2021-10-27
စစ်အာဏာသိမ်းလိုက်တဲ့ဖေဖော်ဝါရီ ၁ ရက်ကစလို့ စက်တင်ဘာ ၃၀ ရက်ထိ ရှစ်လအတွင်း မြန်မာနိုင်ငံတဝန်း အကြမ်းဖက်နှိမ်နင်းချိန်မှာ ကျန်းမာရေးဝန်ထမ်း ၂၉ ယောက်အသတ်ခံရပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ၂၉၇ ကြိမ် တိုက်ခတ်ခံရ၊ ခြိမ်းခြောက်ခံရတယ် လို့ လေ့လာချက်တရပ်က ဖော်ပြလိုက်ပါတယ်။
2021-10-27
လက်ရှိအချိန်ဟာ စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းရေးအတွက် အကောင်းဆုံး အချိန်ဖြစ်ပြီး စစ်အာဏာ ရှင်ပြုတ်ကျရေးအတွက် မည်သူနဲ့မဆို ပူးပေါင်းလုပ် ဆောင်သွားမယ်လို့ ကေအိုင်အိုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက အောက်တိုဘာ ၂၅ ရက်နေ့က ပြောကြားလိုက် ပါတယ်။ စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တပ်မတော်အနေနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးလမ်းကြောင်းအတိုင်းပဲ ဆက်သွားနေတယ်လို့ ပြောပါတယ်။
2021-10-27
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ်သစ်အဖြစ် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ စင်ကာပူနိုင်ငံက မစ္စ နိုလင်း ဟေဇာကို ခန့်အပ်လိုက်တာကြောင့် အာဆီယံနဲ့ ပူးပေါင်းပြီး မြန်မာ့အကျပ်အတည်းကို ပိုပြီးဖြေရှင်းနိုင်မယ်လို့ နိုင်ငံတကာအရေး ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
2021-10-26
စစ်တပ် အုပ်ချုပ်မှုအောက်မှာ အဘက်ဘက်က ဆုတ်ယုတ်လာနေတဲ့ မြန်မာနိုင်ငံမှာ စာသင်ခန်းတွေနဲ့ ဝေးကွာနေတဲ့ လူငယ်တွေရဲ့ မျှော်လင့်ချက် အိပ်မက်တွေကရော ဘယ်လို ရှိပါသလဲ... ။
2021-10-26
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံတဝန်းလုံးမှာ လျှပ်စစ်ရထားတွေနဲ့ လျှပ်စစ်ကားတွေနဲ့ ပြေးဆွဲရမှာဖြစ်တယ်လို့ အောက်တိုဘာလ ၂၅ ရက်နေ့က နေပြည်တော် အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
2021-10-26
ကယားနဲ့ ရှမ်းပြည်နယ်အစပ် မိုးဗြဲမြို့နယ်မှာ အောက်တိုဘာလ ၂၄ ရက်နေ့က စစ်ကောင်စီတပ်နဲ့ မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် လက်နက်ကြီးကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2021-10-26
ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာ့လုံခြုံရေးအတွက် အန္တရာယ်ပိုရှိတယ်လို့ အမေရိကန်က ထုတ်ပြန်တဲ့ အစီရင်ခံစာတွေက သတိပေးထားပါတယ်။ လုံခြုံရေး အတွက် အန္တရာယ်အရှိဆုံး ၁၁ နိုင်ငံမှာ မြန်မာနိုင်ငံပါဝင်ပြီး တရုတ်နဲ့ ရုရှားသြဇာလွှမ်းနိုင်တယ်လို့လည်း ဖော်ပြ ထားပါတယ်။
2021-10-25
အောက်တိုဘာ ၂၆ ရက်နေ့ စတင်ကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအရေးဟာ အဖွဲ့ဝင်နိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတွေ အလေးထားဆွေးနွေး ရမယ့်ကိစ္စဖြစ်တယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။ ထိပ်သီးဆွေးနွေးပွဲကို စစ်ကောင်စီဥက္ကဋ္ဌကို တက်ခွင့်မပြုလို့ အာဆီယံက ဆုံးဖြတ်တာကို အာဆီယံပဋိဉာဉ်နဲ့အညီ မဟုတ်ဘူးလို့ စစ်ကောင်စီက ကန့်ကွက်ပါတယ်။