သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-11-11
မကွေးတိုင်း ချောက်မြို့နယ်မှာ အောက်တိုဘာ ၃၀ ရက်နေ့ ညသန်းခေါင်က ညီအစ်ကို သုံးယောက်ကို စစ်ကောင်စီတပ်သားတွေက မိသားစုရှေ့မှာ ရိုက်နှက် ပြီးနောက် အဲဒီအထဲက အစ်ကိုကြီးဖြစ်သူ ကိုဖြိုးဝေထွန်း သေဆုံးသွားတဲ့အတွက် မိခင်ဖြစ်သူနဲ့ ဇနီးဖြစ်သူတို့ဟာ စိတ်ဒဏ်ရာပြင်းပြင်းထန်ထန် ခံစားနေကြရပါတယ်။
2021-11-10
ကချင်ပြည်နယ်အတွင်းမှာ စစ်ရေးပဋိပက္ခတွေ မြင့်တက်နေဆဲဖြစ်တာကြောင့် စစ်ဘေးဒုက္ခသည်တွေအနေနဲ့ နေရပ်ပြန်ရေးမျှော်လင့်ချက်က အလှမ်းဝေးနေဆဲ ဖြစ်တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
2021-11-10
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသား သတင်းထောက် Danny Fenster ကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ အပါအဝင် အမှုနှစ်မှု ထပ်တိုးလိုက်ပါတယ်။ လက်ရှိ အမှုငါးမှုနဲ့ ရင်ဆိုင် နေရတဲ့ Danny Fenster ကို အမြင့်ဆုံးပြစ်ဒဏ်တွေ ချမှတ်မယ်ဆိုရင် ထောင်ဒဏ်နှစ် ၅၀ လောက်အထိ ကျခံရနိုင်တယ်လို့ သူ့ရဲ့ရှေ့နေက ပြောပါတယ်။
2021-11-09
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရပ်တန့်အောင် လုပ်ပေးဖို့ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တဲ့ ၁ဝ နှစ်သမီး ချင်းတိုင်းရင်းသူလေး ဒေါရိယက်က သမ္မတ ဂျိုးဘိုင်ဒင်ဆီကို စာရေးသားပေးပို့ခဲ့ပြီး သမ္မတအိမ်ဖြူတော်ကလည်း စာလက်ခံရရှိကြောင်း အကြောင်းပြန်ခဲ့ပါတယ်။
2021-11-09
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် အဖမ်းခံရတဲ့သူတွေဟာ လူမဆန်အောင် နှိပ်စက်ညှဥ်းပန်းခံရတဲ့ဒဏ်တွေကြောင့် အကျဥ်းထောင်က ပြန်လွတ်လာပေမယ့် စိုးရိမ်ကြောင့်ကျမှုတွေနဲ့ ခြောက်ခြားပြီး အနည်းနဲ့အများဆိုသလို စိတ်ဒဏ်တွေရလာကြတယ်လို့ ပြောပါတယ်။
2021-11-09
စစ်အာဏာသိမ်းမှုနဲ့ ကိုဗစ်တတိယလှိုင်းဒဏ်ကြောင့် ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်း အများအပြားကို ဖန်တီးပေးနိုင်ခဲ့တဲ့ အထည်ချုပ်စက်ရုံ ၂၅၆ ရုံဟာ ဒီနှစ်ထဲမှာ ပိတ်သိမ်းလိုက်ရပါတယ်။
2021-11-08
စကော့တလန်နိုင်ငံ ဂလပ်စ်ဂိုမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂရာသီဥတု ပြုပြင် ပြောင်းလဲမှုဆိုင်ရာအဖွဲ့ရဲ့ ၂၆ ကြိမ်မြောက်ညီလာခံကို မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခွင့် ဖျက်သိမ်းခံခဲ့ရပါတယ်။ လန်ဒန်မြို့ မြန်မာသံရုံးကလာတဲ့ အဲဒီကိုယ်စားလှယ် ငါးဦးဟာ ဂလပ်စ်ဂိုမြို့ကိုရောက်ရှိပြီးမှ တက်ရောက်ခွင့် ပိတ်ပင်ခံရတာဖြစ်တယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
2021-11-08
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က မဲအများဆုံး အနိုင်ရခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲဟာ ဒီနေ့ဆို တစ်နှစ်တင်းတင်း ပြည့်သွားခဲ့ပါပြီ။ ဒါပေမဲ့ ပြည်သူတွေရဲ့ဆန္ဒတွေ အသိအမှတ်ပြု မခံရဘဲ "ရွေးကောက်ပွဲမှာ မဲမသမာမှု ရှိခဲ့တယ်" ဆိုတဲ့စွပ်စွဲချက်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံ့အာဏာကို သိမ်းယူထားပါတယ်။
2021-11-08
ကိုဗစ်-19 ကမ္ဘာ့ကပ်ရောဂါ ထိန်းချုပ်မှုရှိလာတဲ့ ၂၀၂၀ နှစ်ဆန်းပိုင်းကစလို့ မြန်မာနိုင်ငံမှာ အွန်လိုင်းဈေးကွက်က သိသိသာသာထွန်းကားလာခဲ့ပါတယ်။
2021-11-06
မြန်မာ စစ်ကောင်စီလက်အောက်မှာ လူသားချင်းစာနာမှု အခြေအနေတွေ ဆိုးရွားလာနေချိန် အတွင်း၊ Facebook လူမှုကွန်ရက် အနေနဲ့ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ စိစစ်မျှဝေ ပေးသင့်ကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြောပါတယ်။
2021-11-05
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ငွေဒဏ်သာ သတ်မှတ် ထားတဲ့ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွင့်ခြင်းဆိုင်ရာ ဥပဒေပါပုဒ်မတွေကို နှစ်ရှည် ထောင်ဒဏ်တွေ ထည့်သွင်းပြီး ပြင်ဆင်ပြဋ္ဌာန်းလိုက်ပါတယ်။
2021-11-05
RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့စာရင်းတွေအရ အာဏာရှင် ဆန့်ကျင်ရေးလုပ်နေတဲ့ NLD၊ NUG၊ CRPH နဲ့ PDF အဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို စစ်တပ်က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရဆိုပြီး သိမ်းယူနေတာ သုံးလအတွင်း နေအိမ်အလုံး ၇၀ ခန့် ရှိနေပါပြီ။
2021-11-04
မြန်မာစစ်တပ်ပိုင် (Mytel) ဆက်သွယ်ရေးကုမ္ပဏီရဲ့ အရာရှိတစ်ဦးဖြစ်တဲ့ အငြိမ်းစားရေတပ်ဗိုလ်မှူး ဦးသိန်းအောင်ကို နိုဝင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းက နေအိမ်အနီးမှာ အမည်မသိသေနတ်သမားရဲ့ ပစ်ခတ်မှုခံရပြီး သေဆုံးသွားတဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဒီလိုအရပ်သား တစ်ယောက်ကို ပစ်မှတ်ထားပြီး အကြမ်းဖက်သတ်ဖြတ်မှုဟာ လက်ခံနိုင်စရာမရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ လူ့အခွင့် အရေးစောင့်ကြည့်သူတွေက ပြောပါတယ်။
2021-11-04
စစ်တပ်ကို နိုင်ငံရေးမှာ ဆက်လက်လွှမ်းမိုးခွင့်ရစေဖို့ ရည်ရွယ်တယ်ဆိုပြီး စွပ်စွဲ ခံနေရတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သစ်ရဲ့ အချိုးကျ ကိုယ်စားပြုစနစ် (PR) ကျင့်သုံးရေး ကြိုးပမ်းချက်ကို နိုင်ငံရေးပါတီ ၄၁ ခုက လက်မခံဘဲ ငြင်းပယ်လိုက်ပါတယ်။
2021-11-04
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်က အကြမ်းမဖက်တဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှု မှာ ပါဝင်နေတဲ့ အသက် ၃၀ အရွယ် အလယ်တန်းပြဆရာမ ဒေါ်မေနှင်းအေးဟာ အောက်တိုဘာလ ၂၄ ရက်နေ့က သေနတ်သမားတွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကို ခံခဲ့ရပါတယ်။ ဆရာ၊ ဆရာတွေကတော့ CDM လှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ ဆရာ၊ ဆရာမတွေရဲ့လုံခြုံရေးဟာ ပိုမိုဆိုးရွားလာနေတယ်လို့ ပြောကြပါတယ်။