သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-03-04
စစ်ကောင်စီဟာ နိုင်ငံ့လုံခြုံရေးကို စိုးမိုးထားနိုင်ပြီလို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင် အုန်းက ပြောကြားခဲ့ပါတယ်။
2022-03-03
စစ်ကောင်စီ သတင်းစာတွေဖြစ်တဲ့ ကြေးမုံနဲ့ မြန်မာ့အလင်းမှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ထုတ် အယ်ဒီတာ့အာဘော်တွေမှာ ယူကရိန်းစစ်ပွဲကနေ သင်ခန်းစာ ယူရမယ့်အကြောင်းတွေ၊ ပြည်ထောင်စု မပြိုကွဲရေး သင်ခန်းစာယူရမယ့်အကြောင်းတွေနဲ့ တပ်မတော်အင်အားကြီးအောင် ဖြည့်ဆည်းရမှာတွေကို ရေးထားပါတယ်။
2022-03-03
အဆင့်မြင့်နည်းပညာနဲ့ ဖန်တီးထားတဲ့ ခေတ်မီလျှပ်စစ်ပစ္စည်းတွေမှာ အသုံးပြုနိုင်တဲ့ Rare Earth ခေါ် မြေရှားသတ္တုကို ကချင်ပြည်နယ် အထူးဒေသတွေမှာ စည်းကမ်းမဲ့ တူးဖော်နေတာကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးလာပြီလို့ ဒေသခံတွေက ပြောပါတယ်။
2022-03-02
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေးအဖြစ် တချိန်က တာဝန်ယူခဲ့ပြီး အခု တော်လှန်ရေးနယ်မြေတစ်နေရာကို ရောက်ရှိနေတဲ့ အဆိုတော်လင်းလင်း ကဘဝတူ အနုပညာရှင်တွေ အခုလို လွတ်မြောက်လာတဲ့အတွက် သူဝမ်းသာပါတယ်။ ဒါပေမယ့် မတရားဖမ်းဆီးထားတဲ့ သူအားလုံးကို လွှတ်ပေးရမှာဖြစ်တယ်လို့ မနေ့ကညနေပိုင်းမှာ RFA ကိုပြောကြားထားပါတယ်။
2022-03-02
နိုင်ငံတကာသတင်းမီဒီယာတွေနဲ့ ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေဟာ ယူကရိန်းနိုင်ငံအရေးကို ပိုပြီး အာရုံစိုက်လာကြတာနဲ့အမျှ မြန်မာ့ဒီမိုကရေစီအရေးကို အားပေးထောက်ခံတဲ့ နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအရေးအပေါ် အာရုံစူးစိုက်မှု အားလျှော့သွားမလားဆိုတာ စိုးရိမ်ပူပန်မှုအချို့ ရှိနေပါတယ်။
2022-03-02
မြန်မာနိုင်ငံ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ဟာ တောင်သူလယ်သမားတွေဖြစ်ပြီး နယ်ချဲ့အင်္ဂလိပ် တော်လှန်ရေးမှာလည်း ဆရာစံ ဦးဆောင်တဲ့ ၁၉၃၀ လယ်သမား အရေးတော်ပုံကြီးဖြစ်ခဲ့သလို ဒီကနေ့ စစ်အာဏာရှင် ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးမှာလည်း ကျရာအခန်းကဏ္ဍကနေ ပါဝင်နေကြဆဲ ဖြစ်ပါတယ်။
2022-03-01
အရှေ့တောင်အာရှ နိုင်ငံ ခေါင်းဆောင်များ အထူးထိပ်သီး ဆွေးနွေးပွဲကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က အိမ်ရှင်နိုင်ငံအဖြစ် ဒီလ ၂၈ နဲ့ ၂၉ ရက်နေ့ နှစ်ရက်တာ ကျင်းပမှာဖြစ်ကြောင်း၊ အမေရိကန် အာဆီယံ ဆက်ဆံရေး ၄၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပတာလည်းဖြစ်ကြောင်း သမ္မတ အိမ်ဖြူတော် က ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ဆွေးနွေးပွဲမှာ စစ်တပ် အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံတော့ ပါဝင်နိုင်ဖွယ်မရှိဘူးလို့ ဒစ်ပလိုမက် သတင်းက ဖော်ပြပါတယ်။
2022-03-01
ယူကရိန်းနိုင်ငံဖြစ်စဉ်နဲ့ မြန်မာနိုင်ငံအရေးဟာ အင်အားကြီးသူက လက်နက်အားကိုး ဗိုလ်ကျ အနိုင်ကျင့်တဲ့ ပုံစံတူနေပေမယ့် တခြားမတူညီချက်တွေရှိနေတာကြောင့် နိုင်ငံတွေရဲ့ တုံ့ပြန်မှုတွေဟာ တထပ်တည်း ကျနိုင်မှာ မဟုတ်ဘူးလို့ ဦးဘိုလှတင့် ကပြောပါတယ်။
2022-03-01
ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင်တွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာက မြန်မာကို အပြည်အပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားစွဲထားတဲ့ကိစ္စ ဒုတိယမြောက် ကြားနာစစ်ဆေးမှုတွေဟာ ဖေဖော်ဝါရီလ ၂၈ ရက် မနေ့က ပြီးဆုံးသွားခဲ့ပါပြီ။
2022-03-01
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ချောင်းခွရွာမှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က သားအမိ သုံးယောက်ဟာ သူတို့အသတ်မခံရခင် စစ်ကောင်စီတပ်သားတွေက လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ရှိခဲ့တယ်လို့ ကျန်ရစ်တဲ့ မိသားစုဝင်တွေက RFA ကို မနေ့က ပြောပါတယ်။
2022-03-01
စစ်အာဏာသိမ်းပြီး တစ်နှစ်အကြာမှာ နိုင်ငံခြား စွမ်းအင်ကုမ္ပဏီကြီးတွေ မြန်မာနိုင်ငံကနေ ပြန်ထွက်ခွာတော့မယ့် အကြောင်းထုတ်ပြန် ကြေညာခဲ့ပါတယ်။