သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-05-09
ဒေသခံတွေရဲ့ ပြောဆိုချက်၊ လွတ်လပ်တဲ့အဖွဲ့အစည်းအတွေရဲ့ ထုတ်ပြန်ချက်နဲ့ ပြည်တွင်းသတင်းမီဒီယာတွေပေါ် အခြေခံပြီး RFA က သီးသန့်ပြုစုထားတဲ့ စာရင်းတွေအရ မကွေးတိုင်း ဂန့်ဂေါ၊ ဆော၊ ထီးလင်း၊ ပေါက်၊ ဆိပ်ဖြူ၊ ပခုက္ကူ၊ မြိုင်၊ ရေစကြို၊ ငဖဲ၊ စေတုတ္တရာ စတဲ့မြို့နယ်တွေမှာ စစ်တပ်က အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်အတွင်း ၁၅၅ ယောက် အသတ်ခံရပြီး ၆၈၃ ယောက် အဖမ်းခံထားရပါတယ်။
2022-05-08
ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်လည်းဖြစ်တဲ့ မစ္စတာ ပရက်ဆော့ခွန်းနဲ့ အာဆီယံအတွင်းရေးမှူးချုပ် ဒါတိုလင်မ်ဂျော့ခ်ဟွိုင်တို့ ပူးတွဲဦးဆောင်ပြီး မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီပေးရေးအတွက် ဆွေးနွေးပွဲ ကျင်းပခဲ့တာပါ။
2022-05-08
လာမယ့် မေ ၁၂ ရက်နဲ့ ၁၃ ရက်နေ့မှာ ကျင်းပမယ့် အာဆီယံ - အမေရိကန် အထူးအစည်းအဝေးပွဲပြီးတဲ့နောက်မှာ အာဆီယံအထူးသံတမန် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းဟာ မြန်မာနိုင်ငံကို ဒုတိယအကြိမ်မြောက် လာဖို့ရှိနေပါတယ်။
2022-05-08
ကမ္ဘာ့စစ်ရေးအသုံးစရိတ်က ပထမဆုံးအကြိမ်အဖြစ် ၂၀၂၁ မှာ အမေရိကန်ဒေါ်လာ ၂ ထရီယံကျော်သွား ပြီး မြန်မာ့စစ်ရေးအသုံးစရိတ်က ၂၀၂၁ နှစ်ကုန်ပိုင်းမှာ အမေရိကန်ဒေါ်လာ သန်း ၃၁၀၀ ရှိမယ်လို့ ခန့်မှန်း ရပါတယ်။
2022-05-06
တရုတ်နဲ့ မြန်မာနိုင်ငံအကြား နယ်စပ်ဖြတ်ကျော်ခွင့် အတွက် ခြောက်ညအိပ် ခုနစ်ရက် သက်တမ်းရှိတဲ့ နယ်စပ် ဖြတ်ကျော်ခွင့်စာအုပ်ပဲ ထုတ်ပေးတာပါ။
2022-05-06
အမျိုးသားညီညွတ်ရေးအစိုးရ NUG က စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရန်ကုန်မြို့က နေအိမ်အပါအဝင် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို အစုရှယ်ယာစနစ်နဲ့ ပြည်တွင်း၊ ပြည်ပက ဝယ်ယူလိုသူတွေကို ရောင်းချသွားမယ်လို့ ကြေညာပြီးနောက် စစ်တပ်ကလည်း စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ရှေ့ဆုံးက ပါဝင်နေတဲ့အတွက် အကြမ်းဖက် ဥပဒေနဲ့ ချိပ်ပိတ်သိမ်းယူထားတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေရဲ့ နေအိမ်တွေကို လေလံတင် ရောင်းချဖို့ စီစဉ်နေပါတယ်။
2022-05-05
ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံပိုင် MRTV ရဲ့ ရုပ်သံထုတ်လွှင့်မှု အစီအစဉ်တွေကို အင်တာနက်ကနေ ကြည့်ရှုနိုင်မယ့် Application တစ်ခုကို စတင်ဖြန့်ဖြူးတဲ့ အခမ်းအနားကို နေပြည်တော် MRTV ဌာနချုပ်မှာ ကျင်းပခဲ့ပြီး နောက်တစ်နေ့ မေလ ၅ ရက်မှာတော့ ဒီ MRTV app ကို ဒေါင်းလုပ်ဆွဲရယူရမယ့် အဓိက ပလက်ဖောင်းတွေဖြစ်တဲ့ Apple store နဲ့ Google play store တို့က သူတို့ရဲ့ ပလက်ဖောင်းတွေကနေ MRTV app ကို ဖယ်ရှားလိုက်ပါတယ်။
2022-05-05
အဓိကကတော့ - မြန်မာနိုင်ငံထဲမှာ လူသားချင်းစာနာမှုအကူအညီပေးရေးကို နိုင်ငံရေးဖြေရှင်းမှု အစိတ်အပိုင်းအနေနဲ့ အကောင်အထည်ဖော်မယ်ဆိုရင် အာဆီယံက ဘယ်လောက်ထိ လုပ်နိုင်မလဲဆိုတာကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
2022-05-05
အမျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့ အလွတ်သဘောတွေ့ဆုံဆွေးနွေးဖို့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံရဲ့အဆိုပြုချက်ကို၊ မြန်မာအာဏာသိမ်းစစ်ကောင်စီက ပယ်ချလိုက်ပါတယ်။ ဒါဟာ အာဆီယံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ရေးကို စစ်ကောင်စီက စိတ်ဝင်စားမှုမရှိကြောင်း ထပ်မံပြသလိုက်တာလို့ ဒီပလိုမက်သတင်းက ဖော်ပြပါတယ်။
2022-05-05
စစ်အာဏာသိမ်းလိုက်တဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေတဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ စွမ်းအင်ကုမ္ပဏီကြီးတွေ နုတ်ထွက်သွားတဲ့နေရာမှာ ရုရှားနဲ့ သူ့နောက်လိုက်နိုင်ငံတွေ အစားထိုးဝင်လာမယ့်သဘောလည်း ဖြစ်ပါတယ်။
2022-05-05
အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်တဲ့အရေးအသား အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကို ထောက်ခံတဲ့ အရေးအသားတွေ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှာ ရေးသားဖြန့်ဝေလို့ဆိုပြီး ဖမ်းဆီးအရေးယူခံရသူ ဇန်နဝါရီလ ၂၇ ရက်နေ့ကနေ မေလ ၅ ရက် ဒီနေ့အထိ ၂၂၉ ဦးရှိတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
2022-05-05
စစ်တပ်က အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်အတွင်း မြန်မာနိုင်ငံတစ်ဝန်းမှာ လက်ရှိ စစ်ဘေးဒုက္ခသည် စုစုပေါင်းဟာ ၉၃၆,၇၀၀ အထိ ရှိနေပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) က ပြောပါတယ်။
2022-05-04
ရှမ်းပြည်မြောက်ပိုင်း၊ နမ့်စန်မြို့မှာလည်း NLD အပြင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD )ပါတီဝင်တွေကိုပါ သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်တဲ့ စာတစ်စောင် ဧပြီလ ၂၈ ရက်နေ့ ရက်စွဲနဲ့ ပေါ်ထွက်ခဲ့ပါတယ်။ အခုလို ခြိမ်းခြောက်မှုတွေရဲ့ နောက်ကွယ်မှာ စစ်ကောင်စီရှိနေတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။
2022-05-04
ရုရှားနိုင်ငံမှာ ဘဏ်စာရင်းဖွင့်လှစ်ဖို့ရှိတဲ့ အင်းဝနဲ့ မြဝတီအပါအဝင် မြန်မာနိုင်ငံကဘဏ်တွေနဲ့ ရုရှားဘဏ်ငါးခု မေလထဲမှာ ဗီဒီယိုရုပ်သံစနစ်နဲ့ ဆွေးနွေးမယ့်အကြောင်း စစ်ကောင်စီဗဟိုဘဏ်ကနေ မြန်မာနိုင်ငံဘဏ်များအသင်းကို ဧပြီလ ၂၅ ရက်နေ့က တရားဝင် စာပို့ အကြောင်းကြားထားပါတယ်။
2022-05-04
စစ်ကိုင်းတိုင်း ရွှေဘို၊ ဘုတလင်၊ ခင်ဦးမြို့နယ်တွေမှာ ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ရဲ့ လက်ချက်ကြောင့် ကျေးရွာလေးရွာက ဒေသခံ ၁၉ ဦး သေဆုံးသွားပါတယ်။