သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-10-09
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် နေပူကုန်းရွာကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၈ ရက် မနေ့ ၁၂ နာရီမှာ စစ်ရဟတ်ယာဉ်လေးစင်းနဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အရပ်သား ကိုးဦးသေဆုံးပြီး တစ်ဦး ဒဏ်ရရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-10-08
ရုရှားဟာ အာရှတစ်ဝန်းက နိုင်ငံတွေကို ဝေဟင်ကဝေဟင်ပစ် ဒုံးကျည်တွေ၊ သင်္ဘောဖျက်ဒုံးတွေ၊ ရဟတ်ယာဉ်တွေ ရောင်းချပါတယ်။ ၁၉ ရာစုက ဧကရာဇ်ပြောခဲ့တဲ့ စစ်အင်အားသာ ရုရှားအတွက် မဟာမိတ် ဖြစ်တယ်ဆိုတဲ့ စကားကို ပုံစံပြောင်းပြီး အာရှနိုင်ငံတွေကို သူ့နိုင်ငံထုတ်လက်နက်လည်းရောင်း မဟာမိတ်လည်း ဖွဲ့နေတာပဲ ဖြစ်ပါတယ်။
2022-10-08
စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ တပ်တွေအကြား စက်တင်ဘာလအတွင်း ထိတွေ့တိုက်ပွဲပေါင်း ၃၃၃ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ KNU ဗဟိုက အောက်တိုဘာလ ၇ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။
2022-10-07
မြန်မာပြည် ပြဿနာဖြေရှင်းနိုင်ဖို့ဆိုရင် စစ်တပ်ကိုယ်စားလှယ်တွေနဲ့ပါ တိုက်ရိုက်ဆွေးနွေးတာ အပါအဝင် ပုံစံသစ်နဲ့ ချဉ်းကပ်ဖို့လိုတယ်ဆိုပြီး သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr) က မနီလာမြို့တော် နိုင်ငံခြားသတင်းထောက်များအသင်းမှာ ဗုဒ္ဓဟူးနေ့က ပြောခဲ့တာပါ။
2022-10-07
ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံ စတဲ့မြို့နယ်တွေနဲ့ မြောက်ပိုင်းက မြို့နယ် အားလုံးကို ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်ဘက်က ဆေးဝါး သယ်ယူခွင့်ရော တင်သွင်းခွင့်ရော ပိတ်ထားတာပါ။
2022-10-07
RFA က သီးသန့်ပြုစုထားတဲ့ စာရင်းအရ ပြီးခဲ့တဲ့ ဩဂုတ်နဲ့ စက်တင်ဘာ နှစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေကြောင့် အရပ်သားပြည်သူ ၅ဝ ကျော် သေဆုံးပြီး ၁၂၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2022-10-07
မြေရှားသတ္တုကို တရုတ်ကုမ္ပဏီအများအပြား ကချင်ဒေသမှာ လာရောက်တူးဖော်နေတာကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးရုံမက လူ့ကျန်းမာရေးနဲ့ တိရစ္ဆန်တွေကိုပါ ထိခိုက်နေပါတယ်။
2022-10-06
CDM ဆရာဝန် ဗိုလ်ကြီးမင်းမောင်မောင်ကလည်း ဗိုလ်မှူး မျိုးမင်းထွန်းဟာ သြစတေးလျကို ရောက်ရှိသွားတဲ့ အရာရှိစစ်သည်တွေပို့ပေးလိုက်တဲ့ငွေကြေးတွေကို သူကိုယ်တိုင် သုံးစွဲသွားသူတစ်ဦးဖြစ်ပါလျက် အခုလို လိမ်ညာပြောဆိုတာဟာ အင်မတန်ရွံရှာဖွယ်ဖြစ်တယ်လို့ ဝေဖန်ပါတယ်။
2022-10-06
အာဏာသိမ်းစစ်ကောင်စီအနေနဲ့ အရေးပေါ်ကြေညာချက်ကို ချက်ချင်းပြန်ရုတ်သိမ်းပြီး အရပ်သားအစိုးရ လွှတ်တော်ပြန်ခေါ်ရေး ဖိအားပေးဖို့ကိုလည်း မြန်မာ့အရေးဆုံးဖြတ်ချက်ထဲမှာ ထည့်ထားပါတယ်။
2022-10-06
အာဏာသိမ်းမှုကို လက်နက်ကိုင်ဆန့်ကျင်နေတဲ့ မြို့ပြပြောက်ကျားအဖွဲ့တွေဟာ အခုနောက်ပိုင်းမှာ စစ်တပ် ထိပ်တန်းအရာရှိဟောင်းတွေ၊ စစ်ကောင်စီနဲ့ ပတ်သက် ဆက်စပ်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု၊ လုပ်ကြံသတ်ဖြတ်မှုတွေ ပိုလုပ်ဆောင်လာပါတယ်။
2022-10-06
လမ်းပန်းဆက်သွယ်ရေး ခက်ခဲလွန်းတာကြောင့် အစကတည်းက ပညာရေး နိမ့်ကျအားနည်းတဲ့ ချင်းပြည်နယ်တောင်ဘက်စွန်းက ပလက်ဝမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် AA တို့အကြား ဖြစ်ပွားတဲ့ တစ်ကျော့ပြန် တိုက်ပွဲတွေကြောင့် ကလေးတွေရဲ့ ပညာရေးဟာ တခြားဒေသတွေထက် ပိုခက်ခဲလာတယ်လို့ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားမိဘတွေက ပြောပါတယ်။
2022-10-05
မီးရှို့ခံရပြီးတဲ့နောက် အရင်က ရှိတဲ့အိမ် ၃၅၀ လောက်မှာ ၂၀ ကျော်လောက်ပဲ ကျန်တော့သလို စားနပ်ရိက္ခာလည်း ခက်နေပြီး လာမယ့်ဆောင်းရာသီအတွက် အနွေးထည်တို့ စောင်တို့ပါ လိုအပ်နေတယ်လို့ ရွာသူရွာသားတွေက ပြောပါတယ်။
2022-10-05
မြန်မာနိုင်ငံအတွင်း ဆက်လက်ပေါ်ပေါက်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကမ္ဘာက စောင့်ကြည့်နေပေမဲ့ တရုတ်ကတော့ မြန်မာကို စစ်လက်နက်တွေ တင်ပို့ရောင်းချရေးအတွက် အာဏာသိမ်း စစ်ကောင်စီကို ချဉ်းကပ်နေကြောင်း ANI သတင်းက ဖော်ပြပါတယ်။
2022-10-05
မန္တလေးတိုင်း၊ ညောင်ဦး၊ နွားထိုးကြီးနဲ့ တောင်သာမြို့နယ်တွေမှာ အောက်တိုဘာလ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ အချိန်သုံးရက်အတွင်း NLD ပါတီဝင်တွေ အပါအဝင် ဒေသခံ ၁၁ ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-10-05
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားချိန် ကြာလာတာနဲ့အမျှ အနုကြမ်းစီးမှုတွေနဲ့ ဓားပြတိုက်လုယက် သတ်ဖြတ်မှုတွေ နိုင်ငံတစ်ဝန်း ပေါ်ပေါက်လာနေတယ်လို့ ကျူးလွန်ခံရသူ ကာယကံရှင်တွေနဲ့ လေ့လာသုံးသပ်သူတွေက RFA ကို ပြောပါတယ်။