သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-08-14
အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေဖြစ်တဲ့ စစ်ကိုင်း၊ မကွေးနဲ့ ချင်းပြည်နယ်တို့မှာ အရပ်သား ၁၃၂ ဦး ထောင်ဒဏ်နှစ်ရှည်တွေ ချခံထားရပါတယ်။
2023-08-13
သြဂုတ်လဆန်းကစလို့ မုတ်သုံမိုးသည်းထန်ပြီး မြစ်ချောင်းတွေရေလျှံတဲ့အတွက် လူ ငါးသောင်းလောက် ရေဘေးသင့်ရတယ်လို့ UNOCHA က ခန့်မှန်းပါတယ်။
2023-08-13
နိုင်ငံရေးမလုပ်ပါဘူးဆိုတဲ့ ခံဝန်ချက်နဲ့ ပြည်တွင်းမှာ အနုပညာအလုပ်တွေ ပြန်လုပ်နေသူတွေ ရှိသလို အာဏာရှင်လက်အောက်မှာ မရှင်သန်လိုတဲ့ အနုပညာရှင်တွေကတော့ ပြည်ပနိုင်ငံတွေကို ထွက်ခွာလာရပါတော့တယ်။
2023-08-13
လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးကြောင့် သြဂုတ် ၁၁ ကနေ ၁၂ ရက်နေ့အထိ ချင်း၊ စစ်ကိုင်းနဲ့ မကွေးတိုင်းက မြို့နယ်တွေမှာ အရပ်သား ခြောက်ဦး သေဆုံးပြီး ၃၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2023-08-12
ပြီးခဲ့တဲ့ သြဂုတ်လ (၁၀) ရက်နေ့က စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ငါးယှန်ကျေးရွာရှိ ပြည်သူတွေသွားလာနေတဲ့လမ်းမှာ စစ်ကောင်စီတပ်သားတွေက မြေမြှုပ်မိုင်းတွေလာရောက် ထောင်ထားခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ ၁၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
2023-08-12
ပဲခူးတိုင်းအတွင်း မိုးအဆက်မပြတ်ရွာလို့ ပဲခူးမြစ်ရေလျှံပြီး မြို့ပေါ်ရပ်ကွက် ၁၃ ခုနဲ့ ကျေးရွာ ငါးရွာ ရေနစ်မြုပ်နေပါတယ်။
2023-08-11
စစ်ဦးစီးချုပ်တွေဟာ မြန်မာစစ်တပ်က ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် အပြစ်ပေးအရေးယူဖို့ တာဝန်ရှိပြီး၊ အရေးယူဖို့ အကြိမ်ကြိမ် ပျက်ကွက်နေတာဟာ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေကို သူတို့ကိုယ်တိုင် အမိန့်ပေးစေခိုင်းခဲ့တာ ဖြစ်နိုင်ကြောင်း IIMM အဖွဲ့က သုံးသပ်ထားပါတယ်။
2023-08-11
မြန်မာနိုင်ငံမှာ တစ်ခေတ်တစ်ခါတုန်းက ဆိုဗီယက်ပြန် နွဲ့နွဲ့စန်း၊ ဆိုဗီယက်ပြန် ဆပ်ကပ် ဦးမောင်မောင် စတဲ့သူတွေ ထင်ရှားခဲ့ပါတယ်။ ၁၉၉၁ ဒီဇင်ဘာမှာ ဆိုဗီယက်ပြည်ထောင်စု အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားပြီး နောက်ဆယ်စုနှစ်တွေအကြာမှာ ရုရှားပြန် မြန်မာစစ်အရာရှိတွေ ပေါ်ပေါက်လာပြန်ပါတယ်။
2023-08-11
ရိုဟင်ဂျာ ဒုက္ခသည်တွေကို စခန်းလုံခြုံရေး တာ၀န်ယူထားသူတွေက အနိုင်ကျင့် နှိပ်စက်မှုတွေအတွက် တာ၀န်ခံမှုရှိစေရန် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ Fortify Rights အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။
2023-08-11
တမူးမြို့နယ် ခါမ်းပါတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့ တိုက်ပွဲကြောင့် ဒေသခံတစ်ထောင်ကျော် ဘေးလွတ်ရာ တောတောင်တွေနဲ့ မဏိပူရ်ပြည်နယ်အထိ ထွက်ပြေးနေရပါတယ်။
2023-08-11
မြန်မာ့ကျောက်မျက်လုပ်ငန်းကို စီးပွားရေးအရ ပိတ်ဆို့ဖို့ တရုတ်နဲ့ အနောက်နိုင်ငံတွေကို သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ က ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၁ ရက်နေ့က ထပ်မံတောင်းဆိုထားပါတယ်။
2023-08-10
ဖြူးမြို့နယ် အောက်ကြာအင်းရွာမှာ ဩဂုတ် ၉ ရက်က စစ်တပ်စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် ဒေသခံတစ်ထောင်ခန့် ထွက်ပြေးနေရပြီး ဖမ်းဆီးခံရတဲ့ ရွာသားတွေထဲက ခြောက်ဦးခန့် အသတ်ခံခဲ့ရပါတယ်။
2023-08-10
မဲမသမာမှုအကြောင်းပြချက်နဲ့ ရွေးကောက်ခံ အစိုးရကိုဖြုတ်ချပြီး အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ တစ်ကျော့ပြန် ရွေးကောက်ပွဲလုပ်ဖို့စီစဉ်နေတာ အချိန်တစ်နှစ်နီးပါးရှိလာပါပြီ။
2023-08-09
သံလွင်မြစ်ရဲ့ မြစ်လက်တက်ဖြစ်တဲ့ ယွန်းမြစ်ကို ရေလှောင်တမံနဲ့ ပိတ်ပြီး နှစ်စဉ် မြစ်ရေ ၁.၈ ဘီလီယံ ကုဗမီတာလောက်ကို ပင်းမြစ်ထဲကို တူးမြောင်းနဲ့ သွယ်ယူမဲ့ စီမံကိန်းကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
2023-08-09
ထင်ရှားတဲ့ ကရင်တိုင်းရင်းသား တော်လှန်ရေးသမားတစ်ဦးဖြစ်သူ ပဒိုမန်းမန်း က ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေအကြား နိုင်ငံရေးအရတိုးတက်မှုလိုနေတယ်လို့ ဝေဖန်ပါတယ်။