သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-03-14
ပြည်သူ့ကာကွယ်ရေးတပ်တွေကို နှိမ်နင်းဖို့ စစ်ကိုင်းတိုင်းထဲကရွာတွေမှာ ပြည်သူ့စစ်အမည်ခံ ပျူစောထီးအဖွဲ့တွေ ဖွဲ့စည်းပြီး ဦးဝီရသူ ခေါင်းဆောင် တဲ့ မဘသ ဆရာတော်အချို့က စည်းရုံးလှုံ့ဆော်တာ၊ သေနတ်ကိုင်ပြီး ကိုယ်တိုင်ဝင်တိုက်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-03-14
စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်တပ်က အာဏာသိမ်းတာကို မကျေနပ်လို့ ဒေသခံပြည်သူတွေ ဖိနှိပ်မှုတွေကြားက နေ့စဉ်ရက်ဆက် ဆန္ဒပြနေကြတာ ဒီနေ့ ဆိုရင် ရက်ပေါင်းလေးရာ ပြည့်ခဲ့ပါပြီ။ ပြီးခဲ့တဲ့ နှစ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်ကနေ ဒီကနေ့ မတ်လ ၁၄ ရက်အထိ နေ့စဉ် ဆန္ဒပြနေကြတာပါ။
2022-03-13
တရုတ်အစိုးရဟာ ပါကစ္စတန်နိုင်ငံကတစ်ဆင့် မြန်မာအာဏာသိမ်းစစ်ကောင်စီကို လက်နက်ပစ္စည်းတွေ လျှို့ဝှက် ထောက်ပံ့ပေးနေတယ်လို့ အိန္ဒိယနိုင်ငံအခြေစိုက် ANI သတင်းဌာနက မတ်လ ၁၃ ရက်နေ့ထုတ် သတင်းတစ်ပုဒ်မှာ ဖော်ပြလိုက်ပါတယ်။
2022-03-11
ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်က ရုရှား-မြန်မာစစ်ရေးဆက်ဆံမှုစတင်ပြီး ၂ဝ၁၄ ကနေ ၂ဝ၁၉ ခုနှစ်အတွင်း မြန်မာစစ်တပ်က ဝယ်ယူတင်သွင်းတဲ့ စစ်လက်နက်ပစ္စည်းထက်ဝက်နီးပါးက ရုရှားကဖြစ်ပါတယ်။
2022-03-11
ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံသဘောတူညီမှုစာချွန်လွာ (MOU) စနစ်နဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို မတ်လကုန်ပိုင်းမှာ စေလွှတ်နိုင်ဖို့ မြန်မာအလုပ်သမား သံအရာရှိတွေ ဘက်က စစ်ဆေးမှုတွေ ပြုလုပ်နေပြီလို့အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။
2022-03-11
အာဏာဖီဆန်ရေး CDM လှုပ်ရှားမှု အားကောင်းတဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ အခမဲ့ဆေးကုပေးနေတဲ့ CDM ကျန်းမာရေးဝန်ထမ်းတွေရဲ့ ပရဟိတဆေးခန်းတွေ တိုက်ခိုက်ခံရတာဟာ စစ်ပွဲတွေမှာ လိုက်နာရမယ့် ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဂျနီဗာကွန်ဗန်းရှင်း သဘောတူညီချက်တွေကို ချိုးဖောက်တာဖြစ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ထောက်ပြဝေဖန်လိုက်ပါတယ်။
2022-03-11
ဖားကန့်မြို့နယ်၊ မက်လင်ဂျောင်ရွာမှာရှိတဲ့ မြန်မာအမျိုးသားကုမ္ပဏီနဲ့ ရှမ်းရိုးမကုမ္ပဏီတို့ရဲ့ ကျောက်တူးဖော်ရေးလုပ်ကွက်မှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က မြေပြိုမှုကြောင့် ကုမ္ပဏီဝန်ထမ်းနဲ့ ကျောက်တူးသမား ၈၀ နီးပါး ပျောက်ဆုံးနေပြီး အဲဒီအထဲက ရုပ်အလောင်း ၂၃ လောင်းကို တွေ့ရှိထားပါတယ်။
2022-03-11
ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပြင် စစ်အာဏာသိမ်းပြီးနောက် အရပ်သားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် မြန်မာစစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ကနေ အရေးယူနိုင်ဖို့ အားစိုက်ကြိုးပမ်းနေတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
2022-03-11
တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ရန်ကျန်းမြို့က ကျန်းချန်ရပ်ကွက် ဟွားချောင် သံထည်ပစ္စည်းစက်ရုံမှာ အလုပ် လုပ်နေတဲ့ မြန်မာနိုင်ငံသား ၄ ဦးနဲ့ ဗီယက်နမ်နိုင်ငံသား ၄၈ ဦးကို အခုနှစ် ဇန်နဝါရီလ ၂၀ ရက်မှာ တရုတ်ရဲတွေက ဖမ်းဆီးသွားခဲ့ပြီး တစ်လကျော်တဲ့အထိ အဆက်အသွယ်ပြတ်နေတယ်လို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။
2022-03-10
အိတ်ဖွင့်ပေးစာပေးပို့ရာမှာ ပါဝင်တဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ပြောရေးဆိုခွင့်ရှိသူ နော်ထူးထူး က စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထိထိရောက်ရောက် အရေးယူဖို့ ပျက်ကွက်နေမယ်ဆိုရင် မြန်မာပြည်သူတွေအတွက် တရားမျှတမှုရဖို့ အလှမ်းဝေးနေဦးမယ်လို့ ပြောပါတယ်။
2022-03-10
NLD အစိုးရလက်ထက်က လုပ်ဆောင်ထားတဲ့ ပြန်လည်လက်ခံရေး လှဖိုးခေါင်စခန်းမှာ ပထမ နေရာချပြီး၊ အဲဒီကနေတဆင့် သူတို့နေခဲ့တဲ့ရွာနေရာတွေဆီကို ပို့ဆောင်သွားမယ်လို့ ရခိုင်ပြည်နယ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ပြောပါတယ်။
2022-03-10
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အင်းငယ်ဒေါင့်ကျေးရွာကို ရဲ၊ စစ်တပ်နဲ့ ပျူစောထီးအဖွဲ့ဝင် ၇၀ လောက်ဟာ မတ်လ ၅ ရက်နေ့က ရုတ်တရက် ဝင်ရောက်လာတာကြောင့် ဒေသခံ အားလုံးနီးပါး ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြပါတယ်။
2022-03-10
အိန္ဒိယ - မြန်မာနယ်စပ် ချင်းပြည်နယ်မြောက်ပိုင်း ရိခေါဒါရ် မြို့လေးမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ် (CDF) တို့ မတ်လ ၅ ရက်နေ့ကစလို့ နှစ်ဖက်အခြေအနေ တင်းမာနေတဲ့အတွက် သုံးရက်အတွင်း လူဦးရေ တစ်ထောင်လောက် မြို့ကို စွန့်ခွာထွက်ပြေးသွားပါတယ်။
2022-03-09
Mi 17 မှာ အလျှားရှည်တဲ့ ကုန်စည်ပါတင်နိုင်ပြီး တပ်ဖွဲ့ဝင် ၃၀ နဲ့ ဒဏ်ရာရထားသူ ၂၀ ထိ တင်နိုင်တယ်လို့ FAS Federal American Scientists အမေရိကန်သုတေသနအဖွဲ့က ပြောပါတယ်။ Mi 17 ရဟတ်ယာဉ်ကို လူနဲ့ကုန်တင်ဖို့ ရည်ရွယ်ပြီး ဒီဇိုင်းဆွဲထားတာပါ။ ဒါကြောင့်လည်း PDF တွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရွာတွေကို ဝင်ရောက်ဖျက်ဆီး၊ မီးရှို့ ပစ်ခတ် ဖမ်းဆီးတဲ့ စစ်ဆင်ရေးအတွက် ပစ်မှတ်ရှိတဲ့နေရာကို တပ်ဖွဲ့ဝင်တွေ အရောက်ပို့ပေးနိုင်တဲ့ Mi17 က အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်တာပါ။
2022-03-09
စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ လောက်ဟာ မတ်လ ၈ ရက် မနက်ပိုင်းက လက်ပန်တောရွာကို ဝင်လာပြီး လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့လို့ ဘုန်းကြီးကျောင်းမှာ ပုန်းခိုနေသူဆယ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့သလို ရွာထဲမှာ အမျိုးသမီးတစ်ဦးရဲ့အလောင်းကိုပါ မနေ့က ထပ်တွေ့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။