သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-02-06
ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးနေကြရသလို လက်နက်ကြီးကြောင့် ပြည်သူ ငါးဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ ထွက်ပြေးနေရသူတွေက ပြောပါတယ်။
2023-02-05
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က ကျေးရွာနှစ်ဆယ်နီးပါးနဲ့ မကွေးတိုင်း ပခုက္ကူမြို့နယ်က ကျေးရွာ ၁၄ ရွာက အရပ်သား နှစ်သောင်းကျော်ဟာ ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေးကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။
2023-02-04
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့သစ်မှာ စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေတပ်တွေနဲ့ အင်အားသုံးတိုက်ခိုက်နေပါတယ်။
2023-02-03
မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ပန်းတိုင်းခြုံရွာမှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် Myanmar Effort အထည်ချုပ်စက်ရုံက တရုတ်နိုင်ငံသူနဲ့ မန်နေဂျာကို တော်လှန်ရေး အဖွဲ့တစ်ခုက စက်ရုံထဲဝင်ရောက် ဖမ်းဆီးပြန်ပေးဆွဲခဲ့ပြီးနောက် ကျပ်သိန်း နှစ်ထောင်နဲ့ ပြန်ရွေးခဲ့ရတယ်လို့ ဒေသခံတွေနဲ့ စက်ရုံဝန်ထမ်းတွေက ပြောပါတယ်။
2023-02-03
အရေးပေါ်ကာလ ခြောက်လထပ်တိုးထားတဲ့ စစ်ကောင်စီက မြို့နယ် ၃၇ မြို့နယ်ကို ဖေဖော်ဝါရီ ၂ ရက်နေ့က စစ်အုပ်ချုပ်ရေး ကြေညာလိုက်တာကြောင့် ပြည်သူလူထု အသက်ပေါင်းများစွာ ပိုဆုံးရှုံးလာနိုင်တယ်လို့ နိုင်ငံရေး၊ စစ်ရေးအကဲခတ်တွေက ပြောပါတယ်။
2023-02-03
လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေကြောင့် အနည်းဆုံးဒေသခံခြောက်ဦးဟာ နေ့တိုင်း သေဆုံး၊ ထိခိုက်ဒဏ်ရာရနေပါတယ်။
2023-02-02
၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ အာဏာသိမ်းစစ်ကောင်စီက တိုင်းဒေသကြီး လေးခုနဲ့ ပြည်နယ် လေးပြည်နယ်မှာရှိတဲ့ မြို့နယ် ၃၇ ခုကို မာရှယ်လော စစ်အုပ်ချုပ်ရေးဒေသတွေအဖြစ် ကြေညာခဲ့တာပါ။
2023-02-02
အင်ဒိုနီးရှားက သူ့နိုင်ငံ နမူနာတင်ပြဖို့ ကြိုးစားနေချိန်မှာပဲ တိုင်းနဲ့ပြည်နယ်တွေမှာ စစ်ကောင်စီက ဖေဖော်ဝါရီ ၂ ရက်မှာ စစ်အုပ်ချုပ်ရေး ကြေညာပါတယ်။
2023-02-02
AAPP စာရင်းအရ အာဏာသိမ်း နှစ်နှစ်အတွင်း လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်သတ်ခံရတာ၊ တိုက်ပွဲကြား ပိတ်မိတာ၊ စစ်ကြောင်းတွေက ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်တာ၊ စစ်ကြောရေးနဲ့ အကျဉ်းထောင်တွေမှာ သေဆုံးတာအပါအဝင် တစ်နိုင်ငံလုံးမှာ အမျိုးသမီး ၃၆၃ ဦးသေဆုံးခဲ့ပါတယ်။
2023-02-02
စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေးကျဆင်းမှု၊ နယ်မြေမတည်ငြိမ်မှု၊ အုပ်ချုပ်ရေးညံ့ဖျင်းမှုတွေကြောင့် ရှမ်း၊ ကချင်နဲ့ ချင်းပြည်နယ်တွေမှာ ဘိန်းစိုက်ပျိုးမှု ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-02-01
နိုင်ငံတော်သမ္မတက ခေါ်ခွင့်ရှိတဲ့ ကာလုံအစည်းအဝေးကို နိုင်ငံတော်သမ္မတကို ဖမ်းဆီးပြီး အခုလို လုပ်ဆောင်တာဟာ သူတို့ ရေးဆွဲထားတဲ့ ဥပဒေကို သူတို့ကိုယ်တိုင် ချိုးဖောက်နေတာသာ ဖြစ်တယ်လို့ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။
2023-02-01
စစ်တပ်က အာဏာသိမ်းထားတာ နှစ်နှစ်ပြည့်တဲ့အချိန်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့လုပ်ရပ်တွေကို ဆန့်ကျင်ရှုတ်ချကြောင်းနဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ ပြန်ရဖို့ ကြိုးပမ်းအားထုတ်မှုတွေကို ထောက်ခံကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးက ထုတ်ပြန်ပြောဆိုခဲ့ကြပါတယ်။
2023-02-01
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းမှု နှစ်နှစ်ပြည့်မှာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ရာပေါင်းများစွာက ဘန်ကောက်မြို့ ကုလသမဂ္ဂအဆောက်အဦးရှေ့ကို သွားရောက်စုဝေးပြီး စစ်ကောင်စီကို လက်မခံကြောင်းနဲ့ ထိရောက်စွာအရေးယူဖို့လိုကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။
2023-02-01
RFA က ပြုစုထားတဲ့ စာရင်းအရ ဒီကာလအတွင်း အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေကို ရဲနဲ့ စစ်တပ်က ပစ်ခတ်ဖြိုခွင်းမှု၊ ဖမ်းဆီးသတ်ဖြတ်မှု၊ ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးအဖြစ် မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် ကျည်ဆန်ထိမှန်မှုတွေကြောင့် နိုင်ငံတစ်ဝန်းမှာ လူသုံးထောင်နီးပါး သေဆုံးခဲ့ပါတယ်။
2023-02-01
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းတာ ဒီနေ့ အချိန်နှစ်နှစ် ပြည့်ခဲ့ပါပြီ။ ဒီနေ့မှာ ရန်ကုန်၊ မန္တလေးအပါအဝင် နိုင်ငံတစ်ဝန်းက မြို့တွေမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ အသံတိတ်သပိတ်ကို မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ ပြုလုပ်ခဲ့ကြပါတယ်။