သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-11-18
မြို့အနီးအနားနဲ့ တခြားရွာတွေကိုထွက်ပြေးနေကြရတဲ့ ဒေသခံနှစ်သောင်းနီးပါးလည်း ဆေးဝါးနဲ့စားနပ်ရိက္ခာ အခက်အခဲရှိနေပြီး လက်ရှိမိုးပါရွာနေတာကြောင့် ကလေးငယ်တွေနဲ့သက်ကြီးရွယ်အိုတွေရဲ့ ကျန်းမာရေးပါ စိုးရိမ်နေရပါတယ်။
2023-11-17
မြန်မာစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိုင်းနိုင်ငံ နယ်စပ်ကို ထွက်ပြေး တိမ်းရှောင်လာခဲ့တဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေရဲ့ လူသားချင်းစာနာမှုအကူအညီလိုအပ်နေတဲ့ အခြေအနေတွေကို အရှေ့တောင်အာရှလွှတ်တော်အမတ်များအဖွဲ့ (APHR) က ဘန်ကောက်မြို့မှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။
2023-11-17
ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွရွာတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံ လေးထောင်လောက် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒုက္ခသည်အရေးကူညီနေသူတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
2023-11-17
ရုပ်မြင်သံကြားနဲ့ အသံလွှင့်ကောင်စီရဲ့ လွတ်လပ်မှုနဲ့ ကိုယ်တိုင် စီမံခန့်ခွဲပိုင်ခွင့်တွေကို ပယ်ဖျက်လိုက်ပြီး စစ်ကောင်စီက တိုက်ရိုက်ထိန်းချုပ်ဖို့ ပြင်ဆင်တာလို့ သတင်းစာဆရာတစ်ဦးက ဝေဖန်ပါတယ်။
2023-11-17
ပြည်ပကို ပို့ကုန်ခွင့်ပြုချက် ရရှိထားတဲ့ လုပ်ငန်းရှင်တွေ ရရှိလာတဲ့ နိုင်ငံခြားငွေကို ဘဏ်ငွေစာရင်းထဲမထည့်ရင် အရေးယူမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
2023-11-17
အာဏာသိမ်းနှစ်နှစ်ကျော်အတွင်း ထောင်တွေ၊ စစ်ကြောရေးစခန်းတွေ၊ စစ်တပ်ဘားတိုက်တွေ အပါအဝင် ဖမ်းချုပ်ထားတဲ့နေရာတွေမှာပါ အသက်ဆုံးရှုံးရတဲ့လူပေါင်း အနည်းဆုံး ၁၅၀၇ ယောက်ရှိပြီလို့ AAPP က အောက်တိုဘာ ၃၁ မှာ ထုတ်ပြန်ထားပါတယ်။
2023-11-16
စစ်ကောင်စီဟာ အစိုးရဝန်ထမ်းတွေနဲ့ စစ်မှုထမ်းဟောင်းတွေအားလုံးကို အရေးပေါ် အခြေအနေအတွက် အသင့်ပြင်ထားကြဖို့ အမိန့်ကြေညာချက် ထုတ်ပြန်ထားကြောင်း စစ်ကောင်စီ တာဝန်ရှိသူတစ်ဦးက ရိုက်တာသတင်းဌာနကို အတည်ပြု ပြောကြားခဲ့ပါတယ်။
2023-11-16
တရုတ်အစိုးရ အလိုရှိနေတဲ့ ကိုးကန့်လုပ်ငန်းရှင် မြီရှောက်ချန်း၊ သားဖြစ်သူ မြီကော်ဖျင်းနဲ့ မြေးဖြစ်သူ မြီကျိန်းကျိန်းတို့ကို လောက်ကိုင်မြို့မှာ ဖမ်းဆီးလိုက်ကြောင်း စစ်ကောင်စီလက်အောက်ခံ MRTV က နိုဝင်ဘာ ၁၆ ရက်မှာ ကြေညာပါတယ်။
2023-11-16
စစ်တပ်အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအထိ ရက်ပေါင်းတစ်ထောင်အတွင်းမှာပဲ နိုင်ငံတစ်ဝန်း သေဒဏ်ချခံထားရသူ ၁၆၃ ဦးအထိ ရှိလာပါပြီ။
2023-11-15
အာဆီယံ ကာကွယ်ရေးဝန်ကြီးများ ညီလာခံမှာ စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေကို အာဆီယံအဖွဲ့ဝင်တွေအနေနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာနဲ့ အစ္စရေး-ဟားမာ့စ် စစ်ပွဲ ပဋိပက္ခအကြောင်းတွေကို အဓိက ဆွေးနွေးခဲ့ကြပါတယ်။
2023-11-15
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ လတ်တလောရက်ပိုင်းအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၉ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-11-15
စစ်ကောင်စီဘက်က စစ်ရေး၊ နိုင်ငံရေး အဖက်ဖက်က ချည့်နဲ့နေတာကို ဖုံးကွယ်ဖို့နဲ့ စစ်တပ်ကို ထောက်ခံတဲ့သူတွေ ရှိနေတယ်ဆိုတာကို ပြဖို့အတွက် လုပ်နေတာပါ။
2023-11-14
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးကြောင့် သေဆုံးရတဲ့ အရပ်သား အနည်းဆုံး ၇၂ ယောက်ရှိခဲ့ပြီး ၂၅၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။
2023-11-14
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် နှစ်ပတ်ကျော်ကာလအတွင်း စစ်ကောင်စီဘက် က အင်အားပြုန်းတီးမှု သုံးထောင်ကျော်ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက RFA ကို ပြောပါတယ်။
2023-11-14
မန်လော်မြို့မှာအခြေစိုက်တဲ့ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ - ၁၂၉ တပ်ရင်းတစ်ရင်းလုံးဟာ ကိုးကန့်တပ်မတော် MNDAA ထံ လက်နက်ချအဖမ်းခံခဲ့ပါတယ်။