သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-01-17
တပ်မ-၃၃ လက်အောက်ခံ ရွှေဘိုလေ့ကျင်ရေးတပ် (၈) က အင်အား ၇၀ နီးပါးပါစစ်ကြောင်းဟာ ဒီဇင်ဘာ ၂၈ ရက် မနက်ပိုင်းအစောပိုင်း ရွာထဲဝင်ရောက်လာပြီး ဒေသခံတွေကို ဖမ်းဆီးခဲ့သလို နေအိမ် ၁၀၀ နီးပါးကိုလည်း မီးရှို့ခဲ့တာလို့ ဆိုပါတယ်။
2023-01-16
ရေဦးမြို့နယ်က ကက်သလစ်ခရစ်ယာန်တွေ နေထိုင်တဲ့ ချမ်းသာရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ဘုရားကျောင်းနဲ့ ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-15
ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဇန်နဝါရီလ ၁၅ ရက် မနက်ပိုင်း စစ်ကောင်စီက ကျင်းပတဲ့ (၇၁) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနား ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံး၊ထိခိုက်မှုတွေရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
2023-01-14
အခုလိုညီလာခံမကျင်းပနိုင်ခဲ့တဲ့အတွက် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ညီလာခံကို တက်ရောက်လာမယ့် အင်အားကြီး တရုတ်နိုင်ငံနဲ့ ဒေသတွင်း နိုင်ငံတွေက နိုင်ငံ့ခေါင်ဆောင်တွေကို အသုံးချပြီး စစ်ကောင်စီရဲ့ တရားဝင်ဖြစ်မှုကို ပြသဖို့ရည်ရွယ်ချက် မအောင်မမြင်ဖြစ်သွားရတယ်လို့ Jason Tower က သုံးသပ်ပါတယ်။
2023-01-14
ဇန်နဝါရီလ ၆ ရက်နေ့က ပုသိမ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား နှစ်ဦးသေဆုံးရတဲ့ ထောင်ဆူပူမှုမှာ အကြမ်းဖက်ဖြိုခွင်းမှုဖြစ်ခဲ့ပါတယ်။
2023-01-13
ဗုဒ္ဓဘာသာထုံးစံအရ သရဏဂုံတင်ဖို့ ပြောဆိုတဲ့အခါ ကိုဂျင်မီက "ငါတို့က တော်လှန်ရေးလုပ်တာဖြစ်တယ်၊ တိုင်းပြည်အတွက်လုပ်တာဖြစ်တယ်။ ဘာမှမဟုတ်တာ မလုပ်ခဲ့ဘူး၊ ဒါကြောင့် သရဏဂုံမတင်ဘူး၊ မင်းတို့လုပ်စရာရှိတာလုပ်ပါ" လို့ ထောင်ပိုင်ကို ပြန်ပြောခဲ့ကြောင်းသိရပါတယ်။
2023-01-13
ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ အိန္ဒိယအစိုးရဘက်က ကြိုတင်သိထားတဲ့အခြေအနေရှိပြီး ဒီအပေါ်မှာ တုံ့ပြန်ဆောင်ရွက်မှုမရှိတဲ့အပေါ် ဝမ်းနည်းမိတယ်လို့ ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။
2023-01-13
တိုက်ပွဲတွေကြောင့် ပလက်ဝမြို့ပေါ်ကို ထွက်ပြေးလာခဲ့ရတဲ့ ဒုက္ခသည်တစ်ထောင်လောက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်မှာ စစ်ကောင်စီတပ်က ဘာအကူအညီမှမပေးဘဲ အတင်းအဓမ္မ နေရပ်ပြန်ခိုင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-13
မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့က အဖမ်းခံလိုက်ရတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ခေါင်းဆောင် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက တရားမဝင်အသင်းအဖွဲ့တွေနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊ နိုင်ငံရေးပုဒ်မ ၅၀၅ (က)တို့နဲ့ ရုံးထုတ်စစ်ဆေးနေပါတယ်။
2023-01-12
မြန်မာစစ်တပ်အတွက် ဝင်ငွေအဓိကရနေတဲ့ လမ်းကြောင်းတွေကို ပစ်မှတ်ထားဒဏ်ခတ်အရေးယူဖို့ အာဆီယံ- အရှေ့တောင်အာရှနိုင်ငံများအသင်းက ညှိနှိုင်းဆောင်ရွက်သင့်တယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ဇန်နဝါရီ ၁၂ ရက်က တိုက်တွန်းလိုက်ပါတယ်။
2023-01-12
ကိုဗစ်ကြောင့် ၂ နှစ်ကျော်ပိတ်ထားတဲ့ မူဆယ်-ကျယ်ဂေါင် နယ်စပ်ဂိတ်သုံးခုကို တရုတ်နိုင်ငံဘက်က ပြန်ဖွင့်လိုက်ပေမယ့် မြန်မာနိုင်ငံဘက်ကတော့ လက်ရှိတရုတ်မှာ ကိုဗစ်ကူးစက်မှုတွေ ပြန်များနေတာကြောင့် ဆက်ပိတ်ထားပါတယ်။
2023-01-12
အာဏာသိမ်း နှစ်နှစ်နီးပါးအတွင်း နိုင်ငံတစ်ဝန်းက ရှေ့နေ ၄၅ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက ၃၂ ဦးဟာ အခုချိန်ထိ အကျဉ်းထောင်တွေထဲမှာ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပါတယ်။ ၁၃ ဦးကတော့ ပြန်လွတ်လာခဲ့ပါတယ်။
2023-01-11
အရပ်သားပြည်သူတွေ ဆေးကုသတဲ့နေရာကို ပစ်မှတ်ထားတိုက်ခိုက်တာက စစ်ရာဇဝတ်မှု ကျူးလွန်တာပဲလို့ ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က ပြောပါတယ်။
2023-01-11
ဦးဆောင်လှုပ်ရှားနေသူ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ CDM ဗိုလ်ကြီး ခင်ပပထွန်း က သူတို့အဖွဲ့အနေနဲ့ ၂ဝ၂၂ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့ကစပြီး အခုအချိန်အထိ CDM တပ်သား ၄၁ ဦးနဲ့ CDM ရဲတပ်ဖွဲ့ဝင် ၁၂ ဦးကို ပံ့ပိုးနိုင်ခဲ့တယ်လို့ RFA ကို ပြောပါတယ်။
2023-01-11
နိုင်ငံရေးအကျဉ်းသားနှစ်ဦး သေဆုံးပြီး ၇၀ နီးပါးဒဏ်ရာရခဲ့တဲ့ ပုသိမ်ထောင် အဓိကရုဏ်းဖြိုခွင်းမှုဟာ လူသားမဆန်တဲ့လုပ်ရပ် ဖြစ်တာကြောင့် တာဝန်ရှိသူတွေကို စစ်ရာဇဝတ်မှုနဲ့တန်းတူ အရေးယူနိုင်အောင် ကြိုးစားနေတယ်လို့ NUG အစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက ပြောပါတယ်။