သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-04-14
အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်တွေက နာမည်ကြီး ဆရာတော်တချို့ကို လှူဒါန်းပူဇော်မှုတွေ ဒီရက်ပိုင်းပြုလုပ်နေတာမြင်ရပါတယ်။ အခုလို ပြည်သူတွေကို သတ်ဖြတ်နေသူတွေက ပူဇော်နေရာပေးမှုတွေကို လက်ခံတာဟာ ဗုဒ္ဓမြတ်စွာရဲ့ ဟောကြားမှုနဲ့ ကိုက်ညီခြင်း မရှိဘူးလို့ ဆရာတော်အများအပြားက မိန့်ဆိုနေကြပါတယ်။
2021-04-13
CDM အာဏာဖီဆန်ရေးဝန်ထမ်းလှုပ်ရှားမှုကြောင့် ဝန်ကြီးဌာနလက်အောက်ခံ ယန္တယားတွေ လုံးဝရပ်ဆိုင်းနေပါပြီ။ အဲဒီလှုပ်ရှားမှုကို ထောက်ပံ့ကူညီတဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေကို စစ်ကောင်စီက ပိတ်ပင်ဖမ်းဆီးနေတာကြောင့် ကူညီရေးလုပ်ငန်းစဉ်တွေအပေါ် ထိခိုက်မှုတစုံတရာ ရှိနေပေမယ့် CDM လှုပ်ရှားမှုဟာ အရှိန်အဟုန်နဲ့ အောင်မြင်နေဆဲဖြစ်ပါတယ်။
2021-04-13
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ညောင်ချောင်း စစ်ဘေးဒုက္ခသည်စခန်းမှာ အစိုးရက လစဉ်ထောက်ပံ့တဲ့ ဆန်ရိက္ခာတွေ ဒီနေ့အထိ မရောက်တာကြောင့် စစ်ဘေးဒုက္ခသည် ၃၀၀၀ ကျော် စားရေး၊သောက်ရေး အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ စခန်းတာဝန်ခံနဲ့ ဒုက္ခသည်တွေက RFA ကိုပြောပါတယ်။
2021-04-11
မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်က စလို့ နိုင်ငံကို ဖွင့်လိုက်ပြီးတဲ့ နောက်၊ နှစ်စဉ် စီးပွားရေး ၇ ရာနှုန်း လောက် တိုးတက်လာ ခဲ့တယ်ဆိုပေမဲ့၊ မြန်မာ့လူဦးရေ ၅၃ သန်းကျော်ရဲ့ ၂၅ ရာနှုန်းနီးပါးက ဆင်းရဲတဲ့ အဆင့်မှာ ရှိနေသေးကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် ADB ရဲ့ စာရင်း ဇယားတခုက ဖေါ်ပြပါတယ်။
2021-04-09
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်နေကြတဲ့ ဝန်ထမ်း ပြည်သူတွေဟာ အလုပ်အကိုင်တွေ ဆုံးရှုံးနေရပြီး စားဝတ်နေရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
2021-04-07
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြတဲ့အတွက် စစ်တပ်က ပစ်ခတ်သတ်ဖြတ် ဖြိုခွင်းလို့ သေဆုံးရသူပေါင်း ၅၈၀ ကျော် သွားပါပြီ။ ဒါပေမဲ့ မနေ့ကအထိ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆန္ဒပြသူတွေကို ကျည်အစစ်နဲ့ မပစ်ခဲ့ဘူးလို့ ပြောနေပါသေးတယ်။
2021-04-06
ဘင်္ဂလားပင်လယ်အော်မှာ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့တွေနဲ့ မြန်မာရေတပ်တို့ အပြိုင်အဆိုင် စစ်ရေးလေ့ကျင့်မှုတွေ ဒီတပတ်ထဲမှာ စတင်ခဲ့ကြပါတယ်။ ဒီအချိန်မှာပဲ မြန်မာ့အရေးကို နိုင်ငံတကာက အင်အားသုံးဖြေရှင်းမှာကို လက်မခံတဲ့သတိပေးသံတွေ တရုတ်နဲ့ ရုရှားဆီက ထွက်လာတာကြောင့် မြန်မာနိုင်ငံထဲကို နိုင်ငံတကာတပ်တွေ ဝင်လာတော့မလားဆိုတဲ့ သုံးသပ်ပြောဆိုမှုတွေ ရှိလာပါတယ်။
2021-04-05
ဒီရက်ပိုင်းအတွင်း တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ တပ်ပေါင်းစုဖွဲ့စည်းဖို့အတွက် ဆွေးနွေး တိုင်ပင်နေကြတယ်လို့ သိရပါတယ်။ အဓိကလိုအပ်ချက်က ညီညွတ်ရေးနဲ့ ငွေကြေးဖြစ်ပြီး CRPH နဲ့ တိုင်းရင်းသားတွေ လက်တွဲနိုင်မယ်ဆိုရင် အာဏာရှင်စနစ်ကို အပြီးဖယ်ရှားနိုင်မှာဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။
2021-04-04
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းအပြီး၊ အခြေအနေတွေ ပိုမိုဆိုးရွားလာနေ တာကြောင့်၊ R2P ခေါ် ပြစ်မှုကြီးတွေကနေ အကာအကွယ်ပေးရေးတာဝန်ရှိမှု လုပ်ငန်းစဉ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက အကောင်အထည်ဖော်ဖို့ လိုအပ်လာနေကြောင်း GLF ခေါ် ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှု ဖောင်ဒေးရှင်းက ပြောပါတယ်။
2021-04-01
အခုဆိုရင် မြန်မာစစ်တပ်နဲ့ NCA ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ် ထိုးထားတဲ့ ကရင်အမျိုးသား အစည်းအရုံး KNU တပ်ဖွဲ့တွေအကြားမှာ တိုက်ပွဲတွေ ပြန်ဖြစ်ပွားနေတဲ့အတွက် ဒုက္ခသည် သောင်းဂဏန်းလောက်အထိ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံနေရပါတယ်။ လက်ရှိ ပြန်လည်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် NCA ငြိမ်းချမ်းရေး သဘောတူညီချက်တွေ ပျက်ပြယ်သွား ပြီလား။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တစ်ခုလုံးအပေါ် ဘယ်လိုသက်ရောက်မှု ရှိပါမလဲ....။
2021-04-01
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က စစ်အစိုးရရေးဆွဲပြဌာန်းခဲ့တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ထောင်ရန် ဖက်ဒရယ်ဒီမိုကရေစီ ကြေညာချက်ကို မတ်လ ၃၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ကြိုဆိုမှုတွေနဲ့ အကြံပြုဝေဖန်ချက်တချို့
2021-03-30
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းမှုတွေကြောင့် သေဆုံးရတဲ့ အရပ်သားပြည်သူအရေအတွက် တနေ့တခြားတိုးလာနေပါတယ်။ ဒီလို အကြမ်းဖက် သတ်ဖြတ်မှုတွေကို မခံမရပ်နိုင်တဲ့ ပြည်သူတွေဘက်က အာဏာသိမ်းစစ်ကောင်စီရဲ့ မိသားစုဝင်တွေ၊ ဆက်နွယ် ပံ့ပိုးနေသူတွေကို လူမှုရေးအရ ပြစ်ဒဏ်ခတ်တဲ့ လှုပ်ရှားမှုတခု အရှိန်အဟုန်နဲ့ ထွက်ပေါ်လာပါတယ်။
2021-03-29
ပြီးခဲ့တဲ့ တော်လှန်ရေးနေ့ အခမ်းအနားကို ရုရှား ဒုတိယကာကွယ်ရေးဦးစီးချုပ် အပါအဝင် နိုင်ငံ ၈ နိုင်ငံက စစ်ဘက်အရာရှိတွေတက်ရောက်ခဲ့ပါတယ်။ တနေ့ တည်းမှာပဲ အဲဒီ အခမ်းအနားကို တက်ရောက်ခြင်းမရှိတဲ့ အမေရိကန်အပါအဝင် နိုင်ငံ ၁၂ ခုရဲ့ ကာကွယ်ရေးဦးစီးချုပ် တွေက ကြေညာချက်ထုတ်ပြန်ပြီး မြန်မာ့တပ်မတော်ကို ရှုတ်ချခဲ့ပါတယ်။
2021-03-24
မတ်လ ၂၃ ရက်နေ့ကပြုလုပ်တဲ့ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အခြေခံပညာသင်ကျောင်းတွေမှာ တနှစ်ကို ၂ တန်းပြီးစီးအောင် သင်ကြားဖို့စီစဉ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီလိုသင်ကြားမယ်ဆိုရင် တန်ဖိုးရှိတဲ့ပညာတွေ တတ်ကျွမ်းမှာ မဟုတ်သလို မြန်မာပြည်က ဘွဲ့ရလူငယ်တွေကို နိုင်ငံတကာ တက္ကသိုလ်တွေက လက်ခံတော့မှာ မဟုတ်ဖူးလို့ ပညာရှင်တွေက သတိပေးပြောကြားလိုက်ပါတယ်။
2021-03-23
အမျိုးသားရေးဝါဒီ အိန္ဒိယအစိုးရဟာ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးကောင်းပြီး ရေငုပ်သင်္ဘောတောင် မနှစ်က ပေးအပ်ခဲ့ပါတယ်။ မ-ဘ-သ တွေထောက်ခံတဲ့ စစ်တပ် အာဏာသိမ်းတာကို အိန္ဒိယက ပြင်းပြင်းထန်ထန် မရှုတ်ချရတဲ့ ဖြစ်နိုင်ဖွယ်ရာ အကြောင်းအချက်တွေကို တင်ပြထားပါတယ်။